လူတိုင်းရှိသလိုလိုနဲ့
ပျောက်နေတဲ့အရာက
“အနာဂတ်”ပဲ။
နေရာတစ်ခု၊
စျေးကွက်တစ်ခုမှာ
ကြီးထွားဖို့အတွက်ဆိုတာ
အချိန်တစ်ခုပေးရတယ်။
အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ဆို
ဘယ်မှာနေ
ဘာတွေလုပ်
ဘယ်လိုဝင်ငွေရှာ
ဘယ်သူတွေနဲ့တွေ့
ဘယ်လိုအသက်ကြီးပြီး
ဘယ်လိုဘဝရဲ့အဆုံးသတ်နေဝင်ချိန်ကို
ဖြတ်သန်းမလဲ။
ဒီမေးခွန်တွေပါလာတယ်။
ဒီမေးခွန်းတွေမေးတဲ့အခါ
နေထိုင်မည့်နေရာ
တတ်ထားတဲ့ကျွမ်းကျင်မှု
ရှိထားတဲ့နိုင်ငံသားနဲ့
အသက်မွေးမှုပြုနိုင်တဲ့အရာတွေပါဝင်တယ်။
ကိုယ့်နေရာမှာကိုယ်
နေရာတစ်ခုရပြီးသူတွေအတွက်
နောက်တစ်နေရာမှာ
အသစ်ကပြန်စဖို့အတွက်
opportunity cost ကြီးတယ်။
ရှိထားတာကိုလဲထားခဲ့ရမယ်။
နောက်နေရာမှာလဲအသစ်ပြန်စရမယ်။
အခုမှစတင်မည့်လူငယ်တွေအတွက်
ကောင်းတဲ့အချက်တွေအများကြီးရှိတယ်။
ဆုံးရှုံးစရာများများစားစားမရှိဘူး။
လုပ်ငန်းလုပ်မယ်ဆိုရင်
ပိုပြီးတောင်စဥ်းစားရတယ်။
ကိုယ်ကမြစ်ငယ်လေးထဲမှာ
ကျင်လည်နေရာက
မြစ်ကြီးထဲကိုသွားတဲ့အခါ
နောက်ပင်လယ်ထဲသွားတဲ့အခါ
လုပ်လို့ရတာကျွမ်းကျင်တာတွေက
တူချင်မှတူမယ်။
အနာဂတ်ဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်။
အနာဂတ်ကိုစဥ်းစားတဲ့အခါ
ကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းတစ်ခုရှိတယ်။
“ငါနေ့တိုင်း မလုပ်ရပဲ
မနေနိုင်တဲ့အရာတွေဆို
ဘာတွေများဖြစ်မလဲ။”
၁။ သင်ယူလေ့လာခြင်း learning
၂။ စမ်းသပ်လုပ်ဆောင်ခြင်း experimenting
၃။ ပြန်လည်မျှဝေခြင်း သင်ကြားခြင်း teaching
ဒီသုံးခုကို ဘယ်နေရာရောက်ရောက်
အတိတ်မမေ့ ဦးနှောက်မပျက်သွားရင်
လုပ်ဖြစ်နေအုံးမယ်။
ဒါနဲ့ကိုယ့်ဘဝ၊ ကိုယ့်စီးပွားအကုန်လုံးကို
ဒီသုံးခုပေါ်မူတည်ပြီး
ဒီဇိုင်းလုပ်လိုက်တယ်။
အနာဂတ်အတွက်
ဘယ်မှာနေမယ်၊
ဘာတွေလုပ်မယ်
မေးခွန်းတွေဖြေဖို့
ဒီမေးခွန်းလေးပြန်မေးကြည့်။
“ငါနေ့တိုင်း မလုပ်ရပဲ
မနေနိုင်တဲ့အရာတွေဆို
ဘာတွေများဖြစ်မလဲ။”
Phyo Paing @ Derek