သမ္မတတွေ မဲအနိုင်ရရင်
ရက် ၁၀၀ အတွင်းအစွမ်းပြဖို့
အရေးကြီးသလို
နှစ်တစ်နှစ်အတွက်လဲ
ပထမ တာတွက်တဲ့တစ်လက
အရေးအင်မတန်ကြီးတယ်။
ကိုယ်သတ်မှတ်ထားတဲ့
ကျန်းမာရေး၊ ချမ်းသာရေး၊
ကျွမ်းကျင်မှု၊ အချစ်မေတ္တာနဲ့
ပျော်ရွင်မှုတွေရောက်လာဖို့
အမြဲတိုးတက်နေဖို့လိုတယ်။
လူတိုင်းဟာ ကိုယ်လိုချင်တာမရဘူး။
ကိုယ်နဲ့ ထိုက်တန်တာပဲရတယ်။
ကိုယ်က သံလိုက်လိုပဲ။
ကိုယ်လိုချင်တာကို ဆွဲငင်နေတယ်။
Million Dollar ရဖို့
Millionaire identity ရှိဖို့လိုသလို
လိုအပ်တဲ့ အရည်အချင်းရှိဖို့လိုတယ်။
မဟုတ်ရင် ရှာထားသမျှ အကုန်ပြန်ကုန်မှာပဲ။
People don’t attract what they want, but
that which they are တဲ့။
ဒါကို ကမ္ဘာကျော် အောင်မြင်မှု classic စာအုပ်ဖြစ်တဲ့
As a man thinketh စာအုပ်ရေးတဲ့
James Allen က ရေးခဲ့တာ။
ဒီနေ့ ဖတ်တဲ့စာအုပ်ကတော့
ပေါ့ပေါ့ပါးပါး The Inexplicable laws of
Success ဖြစ်ပြီး စာရေးသူကတော့
Virend and Verusha ဖြစ်ပြီး
စာရေးဆရာက သူ့နာမည်
VERUsha ကို အတိုကောက် acronym နဲ့
ဖော်ပြသွားတယ်။
၁။ Visualize စိတ်ကူးပုံဖော်ကြည့်
၂။ Emotionalize ခံစားကြည့်
ကိုယ်လိုချင်တာရဖို့ universe နဲ့
ဆက်သွယ်တဲ့အခါ ခံစားချက်ကိုသုံးတယ်တဲ့။
The Secret တို့၊ Law of Attraction မှာလဲ
ဒီအချက်က အရေးကြီးတယ်။
စိတ်ကူးပုံဖော်ရုံနဲ့မရဘူး။
ခံစားကြည့်ဖို့လဲလိုတယ်။
၃။ Realize လုပ်ရပ်နဲ့ ရလဒ်ကို နားလည်ဖို့လိုတယ်။
Law of Cause and Effect ဖြစ်ပြီး
ဘဝမှာ ပိုင်ဆိုင်တဲ့အရာတွေက
အဟကားဖြစ်လာတာမရှိဘူး။
အရာရာက စိတ်ထဲမှာ အရင် စိတ်ကူးရတယ်။
နောက် အကောင်အထည်ဖော်ရသလို၊
လူသားတွေဟာ Energy ဖြစ်ပြီး
အကုန် interconnected ဖြစ်နေတယ်။
(ဒါကို ဆိုဗီယက်ယူနီယံမှာ လုပ်ခဲ့တဲ့
ယုန်အမေကြီးကို ရေပေါ်က သဘေင်္ာပေါ်ထားပြီး
ရေငုတ်သဘေင်္ာပေါ်က ယုန်ကလေးတွေကို
သတ်တော့ ယုန်အမေကြီးမှာ ပေါ်တဲ့အကြောင်း
psychic နဲ့ပတ်သက်တဲ့ pseduoscience journal က
ဟာဖော်ပြထားတယ်။
၄။ U Shall Receive All တဲ့။
ဒါကတော့ သူနာမည်အတို။
ဒီထဲမှာ Deepak Chopra ရဲ့
Karma ဆိုတာ Accounting System ဆိုပြီးဆိုတယ်။
ဟိုနေ့ကဖတ်တဲ့ Sadhguru ရဲ့
inner engineering မှာတော့
Karma ဆိုတာ judgement mechanism မဟုတ်ဘူးတဲ့။
နှစ်ခုကတော့ conflict ဖြစ်တယ်။
မြန်မာ့ဗုဒ္ဓဘာသာအယူအဆမှာတော့
accounting system လိုပဲသွားတယ်။
ကောင်းတာလုပ် ကောင်းတာဖြစ်မယ်။
အချုပ်ဆိုရင် အောင်မြင်မှုဆိုတာ
ကိုယ်တကယ်လိုချင်တာကို ဆွတ်ခူးနိုင်ပြီး
ဆွတ်ခူးနိုင်တဲ့အတွက် ပီတိဖြစ်တာကို
အောင်မြင်မှုလို့ခေါ်တယ်။
Health, Skill, Wealth, Love,
Recognition and happiness
အမျိုးမျိုးဖြစ်နိုင်တယ်။
ဒီလိုဖြစ်ဖို့ စိတ်ကူးပုံဖော်၊
ခံစားကြည့်၊ ရည်မှန်းချက်ပန်းတိုင်ချ၊
plan ချ၊ ကိုယ့်ရည်မှန်းချက်နဲ့ထိုက်တန်တဲ့သူ
ဖြစ်အောင် ကြိုးစား၊
ပုံမှန်လုပ်နေကျ comfort zone ထဲကထွက်၊
ကိုယ်လိုချင်တဲ့အရာတွေက အဲ့အပြင်မှာရှိတယ်။
ကိုယ်က တစ်လ ဆယ်သိန်းဝင်နေပြီး
သိန်း ၁၀၀ ဝင်ချင်ရင် လုပ်နေကျနဲ့မရတော့။
တစ်လ သိန်း ၁၀၀၀၊ ၁၀၀၀၀ ဝင်ချင်ရင်လဲ
လုပ်နေကျ ပုံစံအတိုင်းမရတော့ဘူး။
လုပ်နေကျအတိုင်း လုပ်နေရင်
ဖြစ်နေကျအတိုင်းပဲဖြစ်နေမယ်။
Having a goal is actually a
PLANNED CONFLICT with the
comfort zone.
ရည်မှန်းချင်ပန်းတိုင်ချလိုက်တာနဲ့
ကိုယ့်လုပ်နေကျ သက်သောင့်သက်သာရှိတဲ့
ဘဝနေထိုင်မှုနဲ့ ပဋိပက္ခဖြစ်ပြီတဲ့။
ဒီစာသားလေး တော်တော်မိုက်တယ်။
အပြင်လောကမှာပိုင်ဆိုင်ချင်တာတွေ
ဖြစ်လာဖို့အတွက်
ကိုယ့်ရဲ့စိတ်အတွင်းပိုင်းမှာ အရင်ပြင်ဆင်ရမယ်။
နောက်အမြဲ စိန်ခေါ်မှုတွေကို ကျော်လွှားနေဖို့လိုတယ်။
တိုးတက်မှုရပ်တဲ့တစ်နေ့
ကျဆုံးမှုစတင်ပြီ။
ဘဝမှာတည်မြဲတဲ့အရာတစ်ခုက
ပြောင်းလဲခြင်းပဲ။
ကိုယ့်ရဲ့ စိတ်ကူး ပါတနာကကိုယ်ပဲ။
ဒါကြောင့် ကျွန်တော်ကတော့
VIP SIR Achant နဲ့
ချုံ့ကြည့်လိုက်တယ်။
၁။ Visualize စိတ်ကူး
၂။ Internalize ကိုယ့်ရဲ့မသိစိတ်ထဲထိရောက်အောင်လုပ်
၃။ Plan အစီအစဥ်ချ
၄။ Schedule နေ့စဥ် ဘယ်အချိန်မှာ ဘာလုပ်မလဲ။
၅။ Implement အကောင်အထည်ဖော်။
၆။ Review & Reflect ကိုယ်လုပ်နေတာကို ပြန်လည်သုံးသပ်
၇။ Achieve ဆွတ်ခူး
(Achant အားချန့်ဆိုတာ သာကောနာမည် LOL
Author လို ရေးကြည့်တာ အယ်လယ်။)
Phyo Paing @ Derek