လူတွေရဲ့ မှောင်နေတဲ့အခြမ်း
dark side တွေကို မြင်နေကျဆို
လူတွေရဲ့ သဘောမနောကို
နားလည်သွားမယ်။
ဘဝမှာ လူတွေရဲ့ မျက်နှာဖုံးတွေ
အမျိုးမျိုးတွေ့ဖူးတယ်။
ကံကောင်းတယ်လို့ဆိုရမယ်။
ငယ်ကတည်းက မတူညီတဲ့နေရာ
မတူညီတဲ့ဘဝအခြေအနေကြားမှာ
လူတွေရဲ့မတူညီတဲ့ သရုပ်တွေကို
စောစောစီးစီး လေ့လာသိရှိခဲ့ရတယ်။
ငါတို့တွေ အေးအတူပူအမျှပေါ့ဆိုတဲ့ဟာက
ဒုက္ခနည်းနည်းရောက်နေရင်အဆင်ပြေတယ်။
ဒုက္ခတော်တော်ရောက်ရင်
အေးအတူပူအမျှမဟုတ်တော့ဘူး။
ချမ်းသာမှုများများရတဲ့အခါ
သာတူညီမျှဖြစ်ချင်မှ ဖြစ်မယ်လေ။
ကလေးတွေထဲမှာ ကိုယ့်ကလေးကိုတော့
အချစ်ဆုံးပဲလေ။
ကလေးငါးယောက်ရှိတယ်။
နှစ်ယောက်ပဲကယ်ရမယ်ဆို
ကိုယ့်ကလေးကိုယ်ပဲ အရင်ကယ်မှာပဲ။
ဒါကတော့ လူအများစု
ဒီလိုပဲ စဉ်းစားမယ်လို့ထင်တယ်။
ကမ္ဘာလောကကြီးကိုလဲ
အဲ့လိုပဲမြင်တယ်။
လူတိုင်းသည် ကိုယ့်အကျိုးစီးပွါးနဲ့ကိုယ်ပဲ။
ရေရှည်မှာ ဘာကြီးကိုဘယ်လောက်ချစ်ချစ်၊
ဘယ်လောက်ယုံကြည်ကြည်
ကိုယ့်အကျိုးစီးပွါးကို အဓိကရှေးရှု
ရွေးချယ်ကြတာပဲ။
ဒါက ထူးခြားတဲ့အရာမဟုတ်ဘူး။
လူ့သဘောတရားတစ်ခုပဲ။
နားထောင်ရတာ ခါးသလိုလိုရှိပေမယ့်
ဒါက ဘဝ အမှန်တရားပဲ။
ကိုယ့်ဘဝ ဘယ်သူမှလာကယ်နေမှာမဟုတ်ဘူး။
ကိုယ့်ကိုကိုယ်ပဲ ကယ်ရမှာ။
ဗုဒ္ဓက လမ်းပြပေးခဲ့တယ်။
ကိုယ့်ဘဝ ကိုယ်ပဲကယ်ရမှာ။
ဒါကတော့ ကိုယ်ယုံကြည်တဲ့ပုံပေါ့။
မိတ်ဆွေက ခရစ်ယန်ဆိုရင်တော့
တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်။
ကျွန်တော်ထင်တာ
မှားကောင်းလဲမှားလိမ့်မယ်။
ကျွန်တော်လောကကို မြင်တာတော့
အခုအချိန် ဒီလိုပဲမြင်တယ်။
လူတိုင်းအတွက်တော့
မှန်မှာ မဟုတ်ဘူး။
Phyo Paing @ Derek