Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတိုင်းအတွက် အချစ်လိုတတ်တယ်။

Relationship တစ်ခုက
စိတ်ဒဏ်ရာတွေကုသတဲ့နေရာတစ်ခုဖြစ်နိုင်တယ်။

နေ့စဉ်ဘဝရဲ့ရုန်ကန်မှုတွေမှာ
လူတိုင်းအတွက် တစ်ချိန်မဟုတ်တစ်ချိန်
ဒဏ်ရာတွေရှိတတ်ကြတယ်။

လောကမှာ လူတွေနဲ့ဝင်ဆန့်ဖို့
သရုပ်ဆောင်ရတဲ့အချိန်တွေရှိတယ်။

တခါတလေ အရာရာကို
သရုပ်မဆောင်ပဲ
အရှိကို အရှိအတိုင်း
ချပြလို့ရတဲ့ relationship တွေရှိလာတဲ့အခါ
ဒဏ်ရာတွေတောင် အမာရွက်မကျန်
ပျောက်ကုန်တတ်တယ်။

ငါ့ရဲ့ဖြစ်တည်မှု
အရှိကို အရှိအတိုင်း
လက်ခံနိုင်ပါလားဆိုတဲ့အတွေးက
လူတစ်ယောက်ကို
ခွန်အားတွေအကြီးကြီးပေးတယ်။

နေ့စဉ်ဘဝရဲ့တိုက်ပွဲအပြင်
အိမ်တွင်းတိုက်ပွဲတွေပါ
ဆင်နွဲနေရတဲ့သူတွေရှိတတ်တယ်။

အပြင်မှာသရုပ်ဆောင်ရတဲ့အပြင်၊
အိမ်မှာပါ အမြဲသရုပ်ဆောင်၊
အမှန်အတိုင်းမဖော်ပြနိုင်၊
ဖော်ပြတဲ့အခါတိုင်း ပြဿနာတက်၊
ကြာလာတော့မွန်းကြပ်လာတတ်တယ်။
ကိုယ့်ကိုကိုယ် သနားလာတတ်တယ်။
စဉ်းစားရင်းမျက်ရည်ကျလာတတ်တယ်။

ဘဝမှာ လူနဲ့ပတ်သက်တဲ့
ရွေးချယ်မှုတွေက
အတိုင်းထက်အလွန်အရေးကြီးတယ်။

တချို့ရွေးချယ်မှုတွေက
တချို့နေရာတွေမှာ
နှစ်ခါပြုလုပ်ဖို့ လက်မခံနိုင်ဘူး။

အမှန်တော့ ဘဝတစ်ခုတည်ဆောက်တဲ့အခါ
relationship ကလဲ
cofounder လိုပဲ။
ရှေ့သွားနောက်လိုက်ညီရင်
ဘဝက စိုပြေနေမယ်။

လူတိုင်းမှာ အရှိကို
အရှိအတိုင်းချပြုလို့ရတဲ့
နေရာတစ်ခုလိုတယ်။

တချို့အတွက် မိဘတွေကိုချပြလို့ရတယ်။
တချို့က ချစ်သူရည်းစားလင်မယား။
တချို့က ကိုယ်နဲ့အယုံကြည်ရဆုံးလူတွေ။
တချို့ကျတော့ ဘုရားကျောင်းမှာ
ဘုရားသခင်ကိုချပြလို့ရတယ်။

ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း
လက်ခံချစ်ပေးနိုင်တာ
အချစ်လို့ထင်တာပဲ။
လူတိုင်းအတွက် အချစ်လိုတတ်တယ်။

Phyo Paing @ Derek

Share Your Idea!​