Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။

လိုချင်အောင်လုပ်ပြီး
အလွယ်တကူမရအောင်လုပ်တာ
Luxury Brand တွေရဲ့ အထာပဲ။
စားသောက်ဆိုင်ဆိုလဲ
၂၄ နာရီဖွင့်မထားသလို
ကြိုတင် booking ယူရတာမျိုး။
အိတ်ဆိုလဲ ကန့်သတ်ထုတ်တဲ့
limited edition လိုမျိုး။
ဆက်ဆံပုံမတူ
လူရင်း၊ လူဟောင်း
ဦးစားပေးဆက်ဆံတာမျိုး။

ပေးတိုင်းပြန်မရပါဘူး။
သက်ရောက်မှုတိုင်းက
နေရာ၊ လူ၊ အချိန်မတူရင်
တန်ပြန်မှုကလဲ မတူပါဘူး။
စေတနာပေးတိုင်း
စေတနာ ပြန်မရတတ်ပါဘူး။
တခါတလေ ဝေဒနာပါဖြစ်တတ်တယ်။

ဒီစာလေးကို ဖတ်နေတဲ့သူက
တန်ဖိုးမြင့်အမှတ်တံဆိပ်ပဲ။
ဒီနေ့လို အချိန်မှာ
လူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။

Phyo Paing @ Derek

Share Your Idea!​