လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
ကိုယ့် client တွေ အောင်မြင်ရင်
ဂုဏ်ယူတယ်။
ကိုယ်ထုတ်တဲ့ကုန်ပစ္စည်းတွေက
အသုံးပြုသူတွေရဲ့ ဘဝတိုးတက်ပြောင်းလဲစေရင်
ဂုဏ်ယူတယ်။
မစဥ်းစားမိတဲ့ ရှုထောင့်ကရေးလိုက်တဲ့စာ
တခြားသူတစ်ယောက်က အကျိုးရှိသွားရင်
ဂုဏ်ယူတယ်။
ဘယ်လောက်ကြမ်းတမ်းတဲ့အခက်အခဲဖြစ်ဖြစ်
အထာကျကျ ဖြေရှင်းနိုင်တာ ဂုဏ်ယူတယ်။
Phyo Paing @ Derek