Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေကို စီမံခန့်ခွဲမှုမှာ

လူတွေကို စီမံခန့်ခွဲမှုမှာ
“မိသားစု” ဆိုတဲ့ စိတ်ကိုဖျောက်ဖို့လိုတယ်။
ဒါကတော့ Netflix မှာ ကျင့်သုံးတဲ့
အတွေးအခေါ်ပဲ။
ကျွန်တော်တို့က စက်မှုတော်လှန်ရေးခေတ်
အတွေးအခေါ်တွေနဲ့ ရှေ့ဆက်နေကြတယ်တဲ့။

“ဝန်ထမ်း” တွေ လုပ်ငန်းအပေါ်လုပ်ပေးတာ
ကျေးဇူးတင်တယ်ဆိုတဲ့ စိတ်နဲ့နေကြတယ်။
ဒါက တစ်ယောက်တည်းလုပ်နေတဲ့
လုပ်ငန်းအတွက်ဆို ဟုတ်ကောင်းဟုတ်မယ်။

တကယ်လို့ ဒီလုပ်ငန်းဟာ
shareholder တွေနဲ့ သွားနေတဲ့လုပ်ငန်းဆိုရင်
စီမံခန့်ခွဲသူတွေရဲ့ တာဝန်က
ရေတိုနဲ့ ရေရှည် ပိုင်ရှင်တွေရဲ့
အကျိုးစီးပွားကို တိုးတက်အောင်လုပ်ပေးရမည့်
တာဝန်ဖြစ်သွားပြီ။

ဒီတော့ ဝန်ထမ်းနဲ့ စနစ်ဆိုတာ
ပိုင်ရှင်တွေရဲ့အကျိုးစီးပွားကို
ရေရှည်အောင်မြင်တိုးတက်အောင်
လုပ်ပေးရမှာဖြစ်သွားပြီ။

ဒီလိုဖြစ်ဖို့ “မိသားစု” ဆိုတဲ့ အစား
“အဖွဲ့” team ဆိုတဲ့ စိတ်နဲ့သွားဖို့လိုတယ်။

လုပ်ငန်းရဲ့ပြဿနာတွေကို
အကောင်းဆုံးဖြေရှင်းနိုင်သူဆို ဆက်နေ။
လုပ်ငန်းရဲ့ ပြဿနာတွေကို
အကောင်းဆုံးဖြေရှင်းနိုင်တဲ့သူမဟုတ်ရင်
အစားထိုး။

ဒါကို Netflix မှာ Keeper Test ဆိုတာလုပ်တယ်။
ကိုယ့်ဝန်ထမ်းကို နောက်တစ်နှစ်
ဆက်ရှိိနေဖို့အတွက် မန်နေဂျာက
အတိုက်အခံလုပ်မလားတဲ့။
ဒီလို အတိုက်အခံလုပ်ပြီးထိန်းထားမယ်ဆိုရင်
ဒါက Keeper Test အောင်တယ်။

လုပ်ငန်းရှင်အများစုကလဲ
ပိုပေးတဲ့သူရှိရင် သွားမှာပဲလို့စဥ်းစားကြတယ်။
ပိုပေးမည့်သူရှိရဲ့နဲ့ မသွားတာကမှ
ထူးဆန်းတာမဟုတ်လား။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​