Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေကို ဒုက္ခပေးတာလဲ အတွေးပဲ။ပျော်စေတာလဲ အတွေးပဲ။

တစ်ယောက်ယောက်က ကိုယ့်ကို စကားဆိုးပြောတယ်။
နာကျင်တာ သူ့စကားကြောင့်မဟုတ်ဘူး။
ကိုယ်က ထပ်ခါထပ်ခါ ပြန်တွေးနေလို့။

အဲဒီစကား တစ်ခါပဲကြားရတယ်။
ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာ
အကြိမ် ၁၀၀ ပြန်ဖွင့်တယ်။

ဒုက္ခက အဲဒီ ၉၉ ကြိမ်မှာ။

ပျော်တာလဲ အတူတူပဲ။
ကောင်းတဲ့အရာတစ်ခု ဖြစ်တယ်။
ပြီးသွားပြီ။
ဒါပေမယ့် ကိုယ်က ပြန်တွေးတယ်။
ပြန်ခံစားတယ်။
ပြန်ပျော်တယ်။

အတွေးက ဓားပဲ။
ကိုင်တတ်ရင် ဟင်းချက်လို့ရတယ်။
မကိုင်တတ်ရင် ကိုယ့်ကိုယ်ကို ခုတ်မိတယ်။

ဗုဒ္ဓက ဝိပဿနာ ပေးခဲ့တယ်။
အတွေးကို မတွေးနဲ့လို့ မပြောဘူး။
အတွေးကို ကြည့်နေလို့ ပြောတာ။

ပုစ္စုပ္ပာန် ရှုတယ်ဆိုတာ
အတွေးကို ရပ်တာမဟုတ်ဘူး။
အတွေးကို ကြည့်ရင်း
ကိုယ်က အတွေးမဟုတ်ဘူးဆိုတာ သိသွားတာ။

ဒါပေမယ့် ရိုးရိုးသားသားပြောရရင်
အသက်ရှင်နေတုန်း မတွေးလို့ မရဘူး။
အတွေးက ရှိမှာပဲ။

ဒါဆို ဘယ်လိုလုပ်မလဲ?

တစ်ခုပဲ လုပ်ကြည့်ပါ။

အတွေးတစ်ခု ဝင်လာတိုင်း
“ဒါ fact လား၊ story လား” လို့ ကိုယ့်ကိုကိုယ် မေးပါ။

Fact ဆိုတာ တကယ်ဖြစ်တာ။
Story ဆိုတာ ကိုယ်ထပ်ဖြည့်တာ။

“သူ ဖုန်းမကိုင်ဘူး” — ဒါ fact။
“သူ ကိုယ့်ကို ဂရုမစိုက်တော့ဘူး” — ဒါ story။

ဒုက္ခအများစုက fact ကြောင့်မဟုတ်ဘူး။
Story ကြောင့်။

ကိုယ့်ခေါင်းထဲက scriptwriter က
Oscar ဆုရစာရေးဆရာထက် တော်တယ်။
ဒရာမာ ရေးတာ။
Tragedy ရေးတာ။
Horror တောင် ရေးတယ်။

အဲဒီ scriptwriter ကို ရပ်ခိုင်းစရာ မလိုဘူး။
သူရေးတာကို ကြည့်ရင်း
“ဒါ script ပဲ၊ fact မဟုတ်ဘူး” လို့
သိနေယုံပဲ လိုတယ်။

အတွေးကို ရန်သူလို့ မသတ်မှတ်ပါနဲ့။
အတွေးက tool ပဲ။
ကိုင်တတ်ဖို့ပဲ လိုတယ်။

Phyo Paing @ Derek

Share Your Idea!​