───
- Attachment — စွဲလမ်းမှု
ကိုယ့် identity ကို ဖက်တွယ်ထားတယ်။
ကိုယ့် reputation ကို ကိုင်ထားတယ်။
Relationship တွေ၊ outcome တွေ၊
“ကိုယ်မှန်တယ်” ဆိုတဲ့ ခံစားချက်၊
“ကိုယ့်ကို ချစ်ပါ” ဆိုတဲ့ လိုအပ်ချက်။
ဖက်တွယ်မှု ပြင်းလေ —
နာကျင်မှု နက်လေ။
───
- Resistance — ခုခံမှု
ဖြစ်ရပ်က ဖြစ်ပြီးသားပဲ။
ဒါပေမဲ့ စိတ်က “ဒီလိုမဖြစ်သင့်ဘူး” လို့ တိုက်နေတယ်။
နာကျင်မှုက သဘာဝပဲ။
ခုခံမှုက — အဲဒါကို ရှည်စေတယ်။
───
- Identity Fusion — ကိုယ်နဲ့ရောထွေးမှု
“ကိုယ်ရဲ့ အောင်မြင်မှုက ကိုယ်ပဲ။”
“ကိုယ့် image က ကိုယ်ပဲ။”
“ကိုယ့် relationship က ကိုယ်ပဲ။”
အဲဒါတွေ ယိမ်းသွားတဲ့အခါ —
ကိုယ်တိုင် ပျက်သွားသလို ခံစားရတယ်။
───
- Lack of Control — ထိန်းချုပ်လို့မရမှု
လူတွေက control လိုချင်တယ်။
မသေချာမှုက anxiety ဖြစ်စေတယ်။
ကိုယ့် narrative ကို ကိုယ်မပိုင်တော့တဲ့အခါ —
ဒဏ်ရာက ပိုနက်တယ်။
───
- Comparison — နှိုင်းယှဉ်မှု
ကိုယ် vs သူများ။
Status anxiety။
“ဘဝက ဒီလိုဖြစ်သင့်တယ်” ဆိုတဲ့ expectation။
တကယ်တော့ —
ဘဝက ဘာမှ ဖြစ်သင့်တယ်ဆိုတာ မရှိဘူး။
───
- Rumination — ပြန်ပြန်တွေးမှု
ပြန်ဖွင့်တယ်။ စိတ်ကူးတယ်။ ကြိုမြင်တယ်။
ဖြစ်ရပ်က ပြီးသွားပြီ —
ဒါပေမဲ့ စိတ်က threat ကို အသက်ရှင်နေစေတယ်။
───
Structural Equation:
Suffering = Event × Attachment × Resistance × Story
Event ကို ကိုယ် မထိန်းနိုင်ဘူး။
ဒါပေမဲ့ ကျန်တဲ့ သုံးခုကို —
ကိုယ် လျှော့ချလို့ရတယ်။
တစ်ခုခုကို zero ထားနိုင်ရင် —
suffering တစ်ခုလုံး zero ဖြစ်တယ်။
Phyo Paing @ Derek