သူတို့ ငယ်ဘဝ ဖြတ်သန်းမှုကို ပြန်ကြည့်။
ကြမ်းတမ်းတဲ့ဘဝ ဖြတ်သန်းလာတာချင်း
တူရင်တောင် အဓိပ္ပာယ်ဖွင့်ဆိုမှုချင်းမတူကြဘူး။
ဘယ်အရာက ကွာသွားစေသလဲ။
သူတို့ရဲ့ ရှင်သန်မှု မဟာဗျူဟာ။
တချို့တွေက လိုချင်တာရဖို့
လူတွေအပေါ် nice ဖြစ်ရတယ်။
ဆက်ဆံရေးကောင်း
လူတွေလိုအပ်ချက်နားလည်ရတယ်။
ဒီတော့ social ကောင်းသူကြီးတွေဖြစ်လာတယ်။
တချို့က လူတွေအပေါ်ကောင်းလို့မရဘူး။
ချီကျမှ ရတယ်။
ညစ်မှ ရတယ်။
လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ဘူး။
အညစ်ကြီးတွေ ဖြစ်လာတယ်။
တချို့က လိုချင်တာရဖို့
တခြားသူတွေကို ဂရုအရမ်းစိုက်နေရင်
ခံစားချက်တွေများပြီး အလုပ်မလုပ်နိုင်ဘူး။
ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်မှရတာ။
တချို့က သတင်းတွေ ထိန်းချန်ထားမှရတာ။
အကုန်ပေးမသိနဲ့။
မလိမ့်တပတ်လုပ်။
တချို့က တောက်ပထူးချွန်ပြမှရမှာ။
ဒါမှ လူတွေငါလိုချင်တာပေးမှာ။
တချို့က ကိုယ်က စိတ်ဓာတ်ကျပြမှ
လူတွေ ဂရုစိုက်မှာ။
တချို့က လူတွေကို ကူညီမှ
လူတွေကို ကိုယ့်ကိုချစ်မှာ။
လူတွေက ဘဝဂိမ်းကို
မတူညီတဲ့ မဟာဗျူဟာတွေနဲ့
ပလေးနေကြတယ်။
ကိုယ်နဲ့ ဆက်ဆံတဲ့သူရဲ့
ပလေးနည်းတွေ သိဖို့လိုတယ်။
Phyo Paing @ Derek