တချို့က တစ်ကြိမ်ပဲမွေးဖွားတယ်။
တချို့က အကြိမ်ကြိမ်မွေးဖွားတယ်။
ဒီလို အကြိမ်ကြိမ်မွေးဖွားတာကို
reinvention လို့ခေါ်တယ်။
တချို့အတွက် ဒီပြန်လည်မွေးဖွားမှုက
အခြေအနေကြောင့်ဖြစ်လာတယ်။
တချို့အတွက် ဒီပြန်လည်မွေးဖွားမှုက
အိမ်မက်နဲ့ အနာဂတ်အမြင်တွေကြောင့်ဖြစ်လာတယ်။
တချို့အတွက် နှစ်ခုစလုံးပါရင်ပါမယ်။
ဘဝရဲ့ အတွေ့အကြုံအစုံခံစားချင်ရင်
တစ်ကြိမ်ဘဲ မွေးလို့မရဘူး။
အကြိမ်ကြိမ် ပြန်လည်ဖန်တီးဖို့လိုတယ်။
နယ်ပယ်သစ်၊ နေရာသစ်၊
အလုပ်အသစ်၊ လူအသစ်၊
အမူအကျင့်အသင့်၊ အသိုင်းအဝိုင်းအသစ်၊
လောကရှုမြင်ပုံအသစ်၊
စိန်ခေါ်မှုအသစ်တွေက
လူတွေကို နောက်တစ်ကြိမ်
ပြန်လည်မွေးဖွားစေတတ်တယ်။
Phyo Paing @ Derek