လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ
“အချစ်” ပါတယ်။
အချစ်လို့ပြောလိုက်ရင်
လိင်ပိုင်းဆိုင်ရာ အဓိက မဟုတ်ဘူး။
အဓိက စိတ်ခံစားမှု။
ဒီစိတ်ခံစားမှုက ခလုတ်သံစဉ်တွေလိုပဲ။
သူ့မှာ သံစဉ်လေးတွေရှိိတယ်။
လူတွေက အဲ့ဒီသံစဉ်တွေရှိနေရင်
ပြီးပြည့်စုံတယ်လို့ခံစားကြရတယ်။
အဲ့ဒီသံစဉ်တွေက ကိုယ်ငယ်ငယ်က
လိုချင်ခဲ့တဲ့ အဖေ၊ ဒါမှမဟုတ် အမေရဲ့ပုံစံ
စိတ်ကူးထဲက ပုံမျိုးဖြစ်နိုင်တယ်။
ဥပမာ ကိုယ်ဘာလုပ်လုပ်
အပြစ်မမြင်ပဲ မေတ္တာနဲ့ချစ်ပေးတဲ့
အဖေကို လိုချင်ခဲ့တဲ့အခါ
အဲ့လိုလူတွေ့ရင် အရမ်းချစ်မိတာမျိုး။
ဒါမှမဟုတ် ကိုယ့်အဖေ၊ အမေက
ကိုယ့်ကို အားကိုးတဲ့အခါ
ကိုယ်က တစ်ခုခုဆို ကယ်တင်ချင်စိတ်ဖြစ်ပြီး
Broken ဖြစ် ပျက်နေတဲ့အရာကို
ပြင်ပေးချင်တဲ့ သူကြီးဖြစ်နေတတ်တာမျိုး။
အချစ်ရေးမှာ တိုင်ပတ်သူက
အမြဲ တိုင်ပြန်ပတ်တတ်တယ်။
ဘာကြောင့်လဲဆိုတော့
ခေါင်းထဲက သံစဉ်တွေကြောင့်။
သေချာမသိနားမလည်ရင်
ဒါကို ချိန်ငြိဖို့ ခက်တတ်တယ်။
Phyo Paing @ Derek