ကိုယ်အခုရှူရှိုက်နေတဲ့
အောက်ဆီဂျင်ရဲ့
ဆယ်မိနစ်စာက
စိန်ရွှေသန်းပေါင်းများစွာထက်တန်တယ်။
ဘာကြောင့်လဲ။
ဆယ်မိနစ် အသက်မရှူရင်
ဘယ်လောက် လေ့ကျင့်ထားထား
သေဆုံးမှုစတင်မယ်။
အောက်ဆီဂျင်မရှိရင်
အသက်ငင်နေရမယ်။
ကိုယ့်မှာ အကြွေးတွေလဲမရှိဘူး။
စားဖို့သောက်လို့လဲ
ဒီနေ့အတွက်သာမက
အနာဂတ်အတွက်လဲမပူရဘူး။
ဒါဆိုရင် လွတ်လပ်မှုပဲ။
မွန်းကြပ်တဲ့ဒဏ်ကို ခံစားဖူးမှ
လွတ်လပ်မှုဒဏ်ကို သေချာ
ခံစားတတ်မယ်။
ကျွန်တော်တို့ကို ချုပ်နှောင်ထားတာ
အတွေးတွေပဲ။
လွတ်မြောက်မှုပေးတာကလဲ
အတွေးတွေပဲ။
လူတွေကို အတွေးအခေါ်နဲ့
လွတ်မြောက်မှုပေးနိုင်တာ
အတွေးအခေါ်ပညာပဲ။
Phyo Paing @ Derek