တစ်ခုခုဆို ဒါမဖြစ်နိုင်ဘူး၊
မလုပ်နိုင်ဘူး၊ ငွေဆိုတာရှာရခက်တယ်၊
ဒါမျိုးက အတိတ်ဘဝကံမပါရင်မရဘူး။
ဘဝပေးအခြေအနေမတူဘူး။
ကြီးကြီးကျယ်ကျယ်လျှောက်စဥ်းစားရအောင်
ကိုယ့်ကိုကိုယ်ဘာများထင်နေလဲ။
စိတ်ကြီးဝင်နေတယ်။
ဒီလိုမျိုး အတွေးအခေါ်ပတ်ဝန်းကျင်မှာကြီးတယ်။
လူတွေကို အကြီးဆုံးချုပ်နှောင်ထားတဲ့
လှောင်အိမ်ကြီးက
အတွေးအခေါ်လှောင်အိမ်ကြီးပဲ။
အထက်ကတွေးတဲ့ ရှားပါးတယ်။
စိုးရိမ်စိတ်၊ ကြောက်စိတ်ကို
scarcity mindset လို့ခေါ်တယ်။
ဒီအတွေးအခေါ်မှာ မှန်တဲ့အရာတွေရှိနိုင်ပေမယ့်
လူတစ်ယောက်ရဲ့ဘဝအထက်တက်နိုင်ခြေ
တော်တော်များများကို ရိုက်ချိုးထားတတ်တယ်။
Strategic upside တိုးတက်ပြောင်းလဲနိုင်ဖို့
များများစားစားမရှိဘူး။
ဘဝရဲ့ပထမဆုံးရုန်းထွက်လာရတဲ့လှောင်အိမ်က
အဲ့ဒီ မွဲစိတ် scarcity mindset လှောင်အိမ်ပဲ။
ငါလိုချင်တာ ဖြစ်အောင်လုပ်လို့ရတယ်။
ကိုယ်လိုချင်တဲ့ အချစ်မျိုးရနိုင်တယ်။
ကိုယ်လိုချင်တဲ့ အလုပ်မျိုးနဲ့အသက်မွေးလို့ရနိုင်တယ်။
ကိုယ်နေချင်တဲ့နေရာမှာ နေလို့ရနိုင်တယ်။
သွားချင်တဲ့နေရာတိုင်း သွားလို့ရနိုင်တယ်။
သင်ချင်တဲ့အရာတိုင်းကို သင်ယူလို့ရနိုင်တယ်။
ပိုင်ဆိုင်ချင်တဲ့အရာတိုင်း စိတ်ရှည်ရှည်နဲ့
သေချာကြံဆ လုပ်ဆောင်နိုင်ရင်ရနိုင်တယ်။
ဒါကိုလုံးဝယုံကြည်ထားတယ်။
ဒီလိုစဥ်းစားတာကိုတော့ abundance mindset လို့ခေါ်တယ်။
မှန်တယ်၊ မှားတယ်ဆိုတာတော့မရှိပါဘူး။
ခံစစ်နဲ့ဘဝ ဂိုးသွင်းမခံရအောင်နေချင်ရင်
scarcity mindset မွဲစိတ်နဲ့အသက်ရှင်။
တိုက်စစ်နဲ့ဘဝကို တည်ဆောက်ချင်ရင်
abundance mindset ကြွယ်ဝစိတ်နဲ့အသက်ရှင်။
ကြွယ်ဝစိတ်ထားချင်ရင်
လှောင်အိမ်ထဲကထွက်လာဖို့လိုတယ်။
လှောင်အိမ်က လှုံခြုံမှုကိုပေးသလို၊
ချုပ်နှောင်မှုကိုလဲပေးတယ်။
လူတွေကို အဓိက ကန့်သတ်ထားတဲ့အရာက
အတွေးအခေါ်ပဲ။
Phyo Paing @ Derek