တန်ဖိုးရှိတဲ့သူဆိုတာ
အသုံးချလို့ရတဲ့သူ။
မြန်မာစကားမှာ
အသုံးချတယ်ဆိုတာ
မကောင်းတဲ့ဖက်သွားတယ်။
အမှန်တော့ အသုံးချလို့ရဖို့
အသုံးကျမှရမှာ။
အသုံးကျဖို့က
ကိုယ့်မှာ ပြဿနာတစ်ခုဖြေရှင်းနိုင်တဲ့
အစွမ်းအစတစ်ခုတော့
အနည်းဆုံးရှိရမယ်။
ဥပမာဗျာ
ပိုက်ဆံများများရှိရင် ငွေကြေးပြဿနာ
ဖြေရှင်းပေးလို့ရတဲ့အတွက်
အသုံးကျတယ်။
စျေးကွက်ကျွမ်းကျင်မှုရှိရင်
စျေးကွက်ပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက်
အသုံးကျတယ်။
Phyo Paing @ Derek