ပေါင်းသင်းဆက်ဆံရေးကောင်းချင်ရင်
နည်းလမ်းတွေအများကြီးထဲက
သရုပ်ဆောင်တဲ့နည်းလမ်းတစ်ခုရှိတယ်။
စင်ပေါ်မှာ ဟောပြောတာအောင်မြင်ချင်ရင်
သရုပ်ဆောင်တဲ့နည်းကလဲ အောင်မြင်နိုင်ပြန်တယ်။
လူတိုင်းက ကိုယ့်အတွေး၊
ကိုယ့်ပုံပြင်နဲ့ ကိုယ်နေနေကြတာ။
သူတို့ရဲ့ပုံပြင်နဲ့ တစ်သားတည်းကျရင်
ကိုယ့်ကို သဘောကျမယ်။
ကိုယ့်ပုံပြင်နဲ့ သူ့ပုံပြင်နဲ့မတူရင်
သဘောထားကွဲလွဲမယ်။
တချို့ သရုပ်မဆောင်ချင်သူတွေက
အပေါင်းအသင်းတော်တော်နည်းတယ်။
တချို့ကျတော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့
သရုပ်ဆောင်တယ်။
လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာ
သရုပ်ဆောင်ခြင်းအနုပညာကလဲ
လူတွေနဲ့ အဆင်ပြေစေတယ်။
Phyo Paing @ Derek