Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေထင်တာ
အချစ်ရေးအဆင်ပြေဖို့
Brain Level တူဖို့လိုတယ်လို့ထင်တာ။

လူတွေထင်တာ
အချစ်ရေးအဆင်ပြေဖို့
Brain Level တူဖို့လိုတယ်လို့ထင်တာ။

ကျွန်တော့်အမြင်တော့
Brain Level ထက်
ခံယူချက်လို့ထင်တယ်။

ဦးနှောက်ကောင်းတဲ့သူတွေ
အများကြီးတွေ့ဖူးတယ်။
ဦးနှောက်ကောင်းပြီး
တိုင်ပတ်နေတဲ့သူတွေအများကြီးရှိတယ်။

အရေးကြီးတာ
ခံယူချက်နဲ့
ခံစားချက်ကို ထိန်းနိုင်ပြီး
တစ်ယောက်စဥ်းစားပုံတစ်ယောက်
ရှင်းရှင်းလင်းလင်းသိဖို့လို့ထင်တယ်။

လူအများစုက ကိုယ့်ကိုကိိုယ်
တကယ်သိတယ်လို့ထင်တာ။
တကယ်မသိဘူး။

ကိုယ့်ကိုကိုယ်တောင်မသိဘူး။
ကိုယ့်တစ်ဖက်ပါတနာ
ကိုယ့်ကိုသိစေချင်တယ်။

လူတိုင်းမှာ စိတ်မလှုံခြုံမှု
insecurities တွေရှိတယ်။
တချို့က ရုပ်၊
တချို့က အလုပ်၊​
တချို့က အဿပြာ၊
တချို့က အသိုင်းအဝိုင်းကြားဝင်ဆံ့မှု။

ဒီမလှုံခြုံမှုတွေကို
ကိုယ့်ပါတနာနဲ့ ပြောလို့ရလား
အဲ့အချက်က တော်တော်အရေးကြီးတယ်။​
ပြောရင် နားလည်လား
ဒါကလဲ အရေးကြီးတယ်။

နားထောင်တိုင်းလဲ
နားလည်တာတော့မဟုတ်ဘူး။
တကယ်နားလည်တယ်ဆို
ဘဝက နေပျော်မယ်။
မဟုတ်ရင် အိမ်ထောင်ကျပြီး
အထီးကျန်နေလိမ့်မယ်။​
ဒီလို ဘဝတွေက အများကြီး။

အသက်ရှင်နေပေမယ့်
အသက်ဝင်မနေတော့ဘူး။

အသိုင်းအဝိုင်းမျက်နှာကြောင့်သာ
လောကအလယ် သရုပ်ဆောင်နေရတာ။

ပြန်ဆက်ရရင်
ခံယူချက်တူဖို့အရေးကြီးတယ်။
အမြင်တူချင်မှတူမယ်။
ခံယူချက်တူဖို့လိုတယ်။

ခံယူချက်ဆိုတာ စိတ်ထဲမှာရှိတဲ့
ခံယူချက်နဲ့ အယူအဆ။
တစ်ယောက်က အလုပ်ကို
အရေးထားပြီး
တစ်ယောက်က အလုပ်ကို
ဖြစ်သလို လုပ်ရင်
ဒါက အဆင်ပြေဖို့မလွယ်ဘူး။

တစ်ယောက်က ကိုယ့်အစွမ်းအစကို
အကောင်းဆုံးသိဖို့ တိုးတက်ချင်တယ်။
တစ်ယောက်က
နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေချင်တယ်။

အစပိုင်းမှာတော့ အဆင်ပြေလိမ့်မယ်။​

ချစ်ကျွမ်းစဝင်တဲ့အချိန်ဆို
ဘာလေးစားချင်တယ်မပြောလိုက်ရသေးဘူး။
ကိုယ့်ဆီအရောက်ဆိုတာမျိုး။
နောက်ပိုင်းမှ အချိုးပြောင်းသွားတာ။
ဒါက ဦးနှောက်မှာရှိတဲ့
neurotransmitter တွေနဲ့
ဖြစ်နေကျ အပြောင်းအလဲတွေပဲ။

အရေးကြီးတာ ခံယူချက်အရေးကြီးတယ်။
ဒီအချက်နဲ့ပဲလူတွေက
အပေါင်းအသင်းရွေးချယ်ကြတယ်။
ဒီအချက်နဲ့ပဲ ဝန်ထမ်းကောင်းတွေရှာကြတယ်။

တခါတလေ သမီးရည်းစားနှစ်ယောက်
Brain Level မတူတာမျိုးဖြစ်နိုင်တယ်။
တစ်ယောက်က အရမ်းချမ်းသာပြီး
လောကအကျိုးသယ်ပိုးနေပြီ။
တစ်ယောက်က ဘဝသမား။
ဒါပေမယ့် ဘဝကိုမြင်တဲ့ခံယူချက်
တူရင် ပေါင်းလို့အဆင်ပြေနိုင်တယ်လို့ထင်တယ်။

ဒါကတော့ ကျွန်တော့်အမြင်လေးပါ။
Brain Level တစ်ခုတည်းနဲ့မရဘူး။
ခံယူချက်ပါတူဖို့လိုတတ်တယ်။

Phyo Paing @ Derek

Share Your Idea!​