Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေနဲ့အဆင်ပြေဖို့က
ကျရာဇာတ် သရုပ်ဆောင်ပီပြင်ဖို့လိုပြန်တယ်။

လူတွေကြားထဲဝင်ဆန့်ချင်ရင်
သရုပ်ဆောင်။

သရုပ်ဆောင်တာနဲ့
ဟန်ဆောင်တာမတူဘူး။

သရုပ်ဆောင်တာက act
ဟန်ဆောင်တာက pretend

သရုပ်ဆောင်တယ်ဆိုတာ
ကိုယ့်ကိုပေးထားတဲ့နေရာတစ်ခုအတွက်
သူနဲ့ကိုက်ညီတဲ့အပြုအမူကိုလုပ်ဆောင်ရတာ။
ကိုယ်က အိမ်မှာဘယ်လောက်စိတ်ညစ်ခဲ့ညစ်ခဲ့
ရုံးရောက်အလုပ်ခွင်ဝင်ရင်
အရောင်းသမားဖြစ်တဲ့အတွက်
အပြုံးလေးနဲ့သရုပ်ဆောင်ရတာမျိုး။

ဟန်ဆောင်တယ်ဆိုတာ
မဟုတ်မမှန်တာကို
လိမ်လည်လှည့်ပြားလုပ်ဆောင်တာ။

လောကမှာ လူလုပ်နေသမျှ
တာဝန်နဲ့ ဝတ္တရားတွေရှိတယ်။
လုပ်ငန်းရှင်ဆိုလဲ လုပ်ငန်းရှင်အလျောက်၊
မန်နေဂျာဆိုလဲ မန်နေဂျာအလျောက်။​
မိဘ၊ သားသမီး လူတိုင်းသရုပ်ဆောင်ရတယ်။

ဗမာစကားလုံးတချို့က
ဗန်းစကားတွေကြောင့်
အဓိပ္ပာယ်တွေလွဲကုန်တဲ့အခါ
အနှုတ်သဘောဆောင်တဲ့ဖက်ရောက်သွားကြတယ်။

ဥပမာ နင်သရုပ်ဆောင်ကောင်းတယ်နော်
အကယ်ဒမီရသင့်တယ်။

လူတွေနဲ့အဆင်ပြေဖို့က
ကိုယ်ကျရာဇာတ်ကို အကောင်းဆုံး
သရုပ်ဆောင်ဖို့လိုတယ်။

စိတ်မပါလဲ ပြုံးပြရတာမျိုး။
မလုပ်ချင်လဲ လုပ်ရတာမျိုး။
လောကွက်မချော်ချင်လဲ
လောကွက်ချော်ရတာမျိုး၊
Congratulations/ Birthday/ စိတ်မကောင်းပါဘူး
တခါတလေ စိတ်ထဲကမပါလဲ
ရေးရတာမျိုး။
မရယ်ရတဲ့ ဟာသကို
ရယ်တာမျိုးတွေဥပမာပေါ့။

လူတွေနဲ့အဆင်ပြေဖို့က
ကျရာဇာတ် သရုပ်ဆောင်ပီပြင်ဖို့လိုပြန်တယ်။

Phyo Paing @ Derek

Share Your Idea!​