Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေပြောတာကို မယုံဘူး။
လူတွေ လုပ်ပြတာကိုပဲ ယုံတယ်။

စာဖတ်ပြီး ပြောပြဖို့လွယ်တယ်။
တကယ်အလုပ်လုပ် စမ်းသပ်မှုတွေလုပ်ပြီး
ပြောပြဖို့သာ ခက်တာ။

ဒါကြောင့် ဒီနောက်ပိုင်း စာဖတ်ပြီးသင်တဲ့
ဆရာတွေထက်
တကယ်လက်တွေ့ ကျင့်သုံးပြီးသင်တဲ့
practitioner တွေဆီကပဲ လေ့လာဖြစ်တယ်။

စွန့်ဦးတီထွင်အကြောင်းသင်ပြီး
ဘာလုပ်ငန်းမှ မယ်မယ်ရရမလုပ်ဖူးတဲ့
ဆရာဆီက လေ့လာပြီး ဘာတတ်မလဲ။

မားကတ်တင်းသင်ပြီး
ဘာအမှတ်တံဆိပ်တစ်ခုမှ မဖောက်ဖူးတဲ့သူ
ဘာ campaign မှာ အောင်အောင်မြင်မြင်
မလုပ်ဖူးတဲ့သူ ဆီသင်လို့ ဘာတတ်မလဲ။

ငွေကြေးဆိုင်တာ တန်ဖိုးဖြတ်သူ
အကြံပေးသူလုပ်ပြီး ဘာ deal မှာ
ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင်
မလုပ်ဖူးတဲ့သူ။

App တစ်ခု၊ Website တစ်ခု
Digital Product Management တွေသင်ပြီး
ဘာနည်းပညာကုန်ပစ္စည်းတစ်ခုမှ
မထုတ်ဖူးတဲ့သူ။

မန်းနေ့မန့်သင်ပြီး လူပေါင်း ၁၀၀ လောက်ကိုမှ
စီမံမခန့်ခွဲဖူးတဲ့သူ။
ဒါတွေကို သတိပြုမိဖို့လိုတယ်။

ဒါကြောင့် စာထဲမှာပါတာ ပြန်ဖတ်ပြတဲ့
“ပါတာဖတ်” တွေကို ရှောင်ဖို့လိုတယ်။

New Next University မှာလဲ
”ပါတာဖတ်” တွေ မရှိပဲ
Practitioner တွေနဲ့ပဲ သင်ကြားဖို့
ဦးဆောင်သူတွေနဲ့ တိုင်ပင်ထားတယ်။

Phyo Paing @ Derek

Share Your Idea!​