လူတွေဘာကြောင့်
ဘွဲ့ယူချင်လဲစဥ်းစားကြည့်တယ်။
လူရာဝင်ချင်လို့လို့ကောက်ချက်ချမိတယ်။
လူတွေက ပညာတတ်တယ်ဆိုတာကို
ဘွဲ့ရတာနဲ့ ကြည့်တယ်လို့
အကြမ်းယူဆလိုက်ကြတယ်။
သာမန်လူအများစုအတွက်
လူရာဝင်ဖို့ ဘွဲ့ယူဖို့လိုတယ်လို့
လူတွေက သတ်မှတ်ထားကြတယ်။
ဘွဲ့ရဖို့ သတ်မှတ်စာမေးပွဲအောင်ရတယ်။
စာမေးပွဲအောင်ဖို့ စာလုပ်ရတယ်။
ဘယ်နေရာမှာနေလဲပေါ်မူတည်ပြီး
လူရာဝင်တဲ့ပုံကလဲ မတူဘူး။
အသိုင်းအဝိုင်းပေါ်မူတည်ပြီးလဲ
လူရာဝင်တဲ့ပုံမတူဘူး။
ကိုယ့်အနေနဲ့လဲ လူရာဝင်ဖို့
ပထမဘွဲ့ယူတယ်။
နောက်လိုအပ်လာတော့
ဒုတိယဘွဲ့ပြန်ယူပြန်တယ်။
နောက်ပိုင်းကျတော့
ပညာတတ်ချင်တာလား
လူရာဝင်ချင်တာလား
ပြန်စဥ်းစားမိတယ်။
ကျောင်းတွေက
တတ်သိပညာတွေသင်တဲ့နေရာက
စာမေးပွဲတွေစစ်ဆေးနေရာဖြစ်လာတယ်။
သင်ယူချင်တဲ့ စူးစမ်းလိုစိတ်ကို
ကျောင်းအများစုက သတ်လိုက်တယ်။
ဘွဲ့ရပြီး ပညာမတတ်တွေအများကြီးခေတ်မှာ
ဘွဲ့ရတိုင်းလဲ
ပညာတတ်ဖြစ်တာမဟုတ်တော့ဘူး.
ဒါကြောင့်
ဘာဘွဲ့ရလဲဆိုတာထက်
ဘယ်ကဘွဲ့ရလဲက ပိုအရေးကြီးလာတာဖြစ်တယ်။
Phyo Paing @ Derek