လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။
တချို့သူတွေနဲ့ တွေ့ရင်
စိတ်ညစ်တာတွေကို နားထောင်ပေးတာမျိုး။
healer ကုသပေးတဲ့ အင်နာဂျီမျိုး။
တချို့ကျတော့ ဒါဆို ဒါလုပ်ဆိုတဲ့
ဦးဆောင်တဲ့နေရာက command ပေးတဲ့သူမျိုး။
တချို့ကျတော့ အကြောက်တရား fear နဲ့
ခြိမ်းခြောက်ပြီး တွန်းအားပေးနိုင်တဲ့သူများ။
တချို့ကျတော့ မော်တီပေးပြီး
motivator လုပ် ခဏတာအင်နာဂျီတွေပေး
အလုပ်လုပ်စေတဲ့သူမျိုး။
တချို့ကျတော့ မတွေးမိတဲ့
အမြင်သစ်က စဥ်းစားစေပြီး
ရှုထောင့် perspective ပြောင်းစဥ်းစားစေတဲ့သူမျိုး။
တချို့ကျတော့ မခံချင်အောင်ပြောပြီး
ဒေါသကိုဆွ သက်သေပြ proof လုပ်အောင်
နှိုးဆွတဲ့သူမျိုး။
သူတို့နဲ့တွေ့ရင် စိတ်ထဲက ကသိကအောင့်
ဖြစ်စေမည့်အရာတွေကို ထုတ်ဖော်တတ်တယ်။
တချို့ကျတော့ စိတ်ချလိုက်
ကျန်တဲ့ လုပ်စရာရှိသာကိုသလာလုပ်
ဒီလို peace of mind ပေးတဲ့သူမျိုး။
တချို့ကျတော့ သူပြောတဲ့စကားက
ဟုတ်သလို၊ မဟုတ်သလိုလို
မသေချာမရေရာမှု uncertainty ကိုပေးတဲ့သူမျိုး။
တချို့ကျတော့ မင်းကဘာကောင်မို့လဲ
ပြိုင်ဆိုင်မှု comparison လုပ်တတ်တဲ့
အင်နဂျီမျိုး။
ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ အင်နာဂျီအရေးကြီးတယ်။
လူတစ်ယောက်တည်းကလဲ
အခြေအနေပေါ်မူတည်ပြီး
သူသုံးနေကျ ပုံစံ နှစ်မျိုး၊ သုံးမျိုးရှိတတ်တယ်။
ဒါကတော့ ကျွန်တော်မြင်မိတာကို
မျှဝေပေးတာပါ။
Phyo Paing @ Derek