Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာ

ပညာရေးက လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာပဲ။

ပညာရေးကို ကျောင်းတွေကရတယ်။
စာအုပ်တွေက ရတယ်။
သင်ယူမှုက ရတယ်။

တက်ခဲ့တဲ့ကျောင်းမတူရင်
အရည်အချင်းမတူဘူး။
ဖတ်ခဲ့တဲ့စာအုပ်မတူရင်
အတွေးအခေါ်မတူဘူး။
သင်ယူမှုမတူရင်
လုပ်ဆောင်နိုင်စွမ်းမတူဘူး။

ဒါကြောင့်လဲ မိဘတွေက
ပိုက်ဆံရှိလာရင်
ကိုယ့်ကလေးတွေကို
ငွေကုန်ကြေးကျခံပြီး
ကျောင်းကောင်းကောင်းထားကြတယ်။

သာမန်အသိုင်းအဝိုင်းထဲ
ကျင်လည်မယ်ဆို ကိစ္စမရှိပေမယ့်
ဘဝရဲ့ကျင်လည်ရာ
နောက်အသိုင်းအဝိုင်းတစ်ခုသွားဖို့
ပညာရေးနောက်ခံလိုတယ်။

သူဌေးချင်းတူပေမည့်
ပညာတတ်တာနဲ့
မတတ်တာကလဲ
လူတောတိုးမှု
လေးစားမှု မတူပြန်ဘူး။

ဒါက လောကသဘာဝတရားတွေ။
ဒါကြောင့် ငယ်ရွယ်တုန်း
ပညာသင်လို့ဆိုခဲ့ကြတာ။

အစွမ်းအစနဲ့ အားထုတ်မှုပေါင်းမှ
အမြင့်ဆုံးရောက်နိုင်မယ်မဟုတ်လား။

Phyo Paing @ Derek

Share Your Idea!​