Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေရဲ့ဦးနှောက်က ပျော်ဖို့

design လုပ်ထားပေးတာမဟုတ်ဘူး။
ရှင်သန်ဖို့အတွက် ဖန်တီးထားတာဖြစ်တယ်။
ဒါကြောင့် အချိန်အများစုမှာ
negativity bias တွေရှိတယ်။

တခါတလေ ပင်ပန်းနွမ်းနယ်၊
မလုပ်ချင်မကိုင်ချင်နဲ့ စွမ်းအင်မရှိတဲ့
အချိန်တွေရှိတတ်တယ်။
ဒါကို ပျော်ရွင်၊ တက်ကြွပြီး
ပြန်လည်လတ်ဆတ်တဲ့အနေအထား
ပြန်ပြောင်းချင်ရင် လုပ်ရမည့်
အချက်လေးတွေရှိတယ်။
ဒါကို SPARKLE လို့ခေါ်တယ်။

Sparkle ဆိုတာ ဖြတ်ကနဲလင်းသွားတာ။
သူက acronym အတိုကောက်စလုံးဖြစ်ပြီး
Savor, Play, Appreciation, Rest,
Kindness, Light-heartedness and Extraordinary
တို့ပဲဖြစ်တယ်။

ဒီနေ့ခေတ်က mindfulness ခေတ်စားလာတယ်။
သတိနဲ့နေတယ်ဆိုတာ be present
လက်ရှိနေတဲ့အချိန်ကို အာရုံစိုက်နေတာဖြစ်တယ်။
Savor ဆိုတာကတော့ ကိုယ် enjoy ဖြစ်တဲ့
အရာတွေကို သုံးဆောင်ခံစားရတဲ့အချိန်
အာရုံထားပြီး present ဖြစ်နေတာဖြစ်တယ်။
ဘဝမှာ ကောင်းမွန်တဲ့အခိုက်အတန့်လေးတွေရှိတယ်။
ဒီ အခိုက်အတန့်လေးတွေကို အာရုံပြုတာဖြစ်တယ်။
ဒီအတွက် စိတ်အာရုံလွင့်စေမည့်အရာတွေကို
ရှောင်ဖို့လိုတယ်။

ငယ်ငယ်တုန်းက ဆော့ကစားတဲ့အခါ
ပျော်ရွင်မှုခံစားရတယ်၊ ရင်ခုန်တယ်။
အသက်ကြီးလာတော့ ဘဝလောကထဲမှာ
စဥ်းစားစရာတွေ များလာပြီး
ရင်ခုန်မှုတွေလျော့လာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက်
ရင်ခုန်စေတဲ့ playlist တွေလိုတယ်။
ဒီအတွက် အချိန်ပေးဖို့လိုတယ်။
တစ်ရက် မိနစ် ၃၀ လောက်ပဲဖြစ်ဖြစ်ပေါ့။

ဘဝဆိုတာ စောင်ပြဿနာများတဲ့နေရာဖြစ်တယ်။
အဲ့လိုပဲ ကျေးဇူးတင်စရာတွေလဲအများကြီးရှိတယ်။
ဒီကျေးဇူးတင်စရာတွေကို appreciation လုပ်တာ
ဘဝနေထိုင်မှုကို ပိုကောင်းစေတယ်။
မနက်ထတာနဲ့ ဒီနေ့ ငါ့ဘဝမှာ ကျေးဇူးအတင်ဆုံး
အရာတွေက ဘာတွေလဲမေးကြည့်ကြည့်ပါ။

နောက်တစ်ခုက နားဖို့လိုတယ်။
Rest လုပ်နိုင်မှ ပြန်ပြီး energy ပြည့်မယ်။
အိပ်ချိန်သေချာပေးဖို့လိုတယ်။
REM stage ရောက်ဖို့ sleep cycle
တစ်ခုက မိနစ်ကိုးဆယ်ကြာတယ်။
သေချာအချိိန်ပေးပြီး အနားယူဖို့လိုတယ်။
အသက်ဝဝရှူဖို့၊ တရားထိုင်ဖို့၊
အိပ်ချိန်ပြည့်ပြည့်ပေးဖို့လိုတယ်။

တခြားသူတွေကို ကူညီပေးတာကနေ
ပျော်ရွင်မှုတွေရတဲ့အတွက်
random act of kindness လိုတယ်။
အမှတ်မထင် ကူညီပေးတာ၊
စာနာပေးတာ။
နောက် လူတွေကို မေတ္တာပို့ကြည့်။
ဥပမာ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို
စဥ်းစားကြည့်ကြည့်။
ငါမင်းကို ပျော်ရွင်စေဖို့ဆုတောင်းတယ်လို့
သုံးမိနစ်လောက် အာရုံပြုဆုတောင်းပေးကြည့်။

ဒါကြောင့် ဘဝမှာ ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်တာ play
ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တာ playful ဖြစ်တယ်။
သတင်းတွေ နားမထောင်နဲ့။
ကျွန်တော်လဲ နားမထောင်တာကြာပြီ။
နောက် ကိုယ့်ကိုကိုယ်သဘောကျတဲ့အချက်တွေကို
စဥ်းစားပြီး ခဏခဏပြောပေး။
နောက် ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ
အကောင်းဆုံးအချိန်အခါသမယတစ်ခုမှာ
နေနေတယ်ဆိုတာ မမေ့ပါနဲ့တဲ့။
နူးကလိယ စစ်ပွဲတွေမဖြစ်သေးဘူး။

ကိုယ့်ဘဝမှာ superficial ဖြစ်တဲ့အရာတွေကို
ဖယ်လိုက်ပါ။
အရေးမပါတာတွေကို အရာမပေးနေပါနဲ့။
ကိုယ့်ကို ဘယ်အရာတွေက တွန်းအားပေးလဲ
ကိုယ့်ရဲ့ fire ကဘာလဲ သိပါ။
ဒါကိုသိရင် ဘဝက နေရတာပိုအဓိပ္ပာယ်ရှိတယ်။

ဒါကတော့ Sparkle မှာ Julie Schooler
ဖော်ပြထားတဲ့ Savor, Play, Appreciation, Rest,
Kindness, Light-heartedness and Extraordinary
တို့ပဲဖြစ်တယ်။

Phyo Paing @ Derek

Share Your Idea!​