ငယ်ငယ်တည်းက အားပေးမှုနဲ့
မကြီးပြင်းခဲ့တဲ့သူတွေရှိတယ်။
အမေက အပြစ်တင်၊
အဖေက အပြစ်တင်၊
အဒေါ် အပြစ်တင်၊
ဦးလေး အပြစ်တင်၊
ဆရာ၊ ဆရာမက အပြစ်တင်။
အားပေးမှုနဲ့ မကြီး
အပြစ်တင်မှုနဲ့ ကြီးလာတဲ့သူတွေရှိတတ်တယ်။
ဒီထဲမှာ ဒီအပြစ်တင်မှုကို
အပြုံးလေးနဲ့ ချွဲပြီး
အားလုံးနဲ့အဆင်ပြေအောင်
ပေါင်းသင်းကြီးပြင်းလာသူတွေရှိတယ်။
ဒီအပြစ်တင်မှုတွေကြား
အားတင်းပြီး ရှင်သန်မှုခဲ့သူတွေရှိတယ်။
အားတင်းရှင်သန်ခဲ့သူတွေမှာ
ကိုယ့်ကိုကိုယ် အကြီးအကျယ်ဝေဖန်တတ်တဲ့
အကျင့်တစ်ခု အမြဲရှိတတ်တယ်။
ဘဝရဲ့ တချို့အစိတ်အပိုင်းတွေမှာ
ကိုယ့်ကိုအမြဲဝေဖန်သူနဲ့ ချစ်ကျွမ်းဝင်တဲ့အခါ
ဘဝက သံကြိုးနဲ့ရှေ့ဆက်ရသလိုဖြစ်တတ်တယ်။
ကိုယ့်ကိုကိုယ်မြင်တာထက်
ပိုကောင်းအောင်မြင်တဲ့
သမီးရည်စားနဲ့တွေ့လာတဲ့အခါ
ဘဝက ထင်မှတ်မထားလောက်အောင်
ပိုကောင်းလာတတ်တယ်။
လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။
Phyo Paing @ Derek