ကိုယ့်ထမင်းကျွေးအလုပ်ကို
တာဝန်ကျေရမယ်။
ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်ကို
နေ့စဥ် နှစ်နာရီလောက်တော့ လေ့လာရမယ်။
ကိုယ်လုပ်တဲ့အလုပ်မှာ
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။
ဘာအလုပ်ပဲ လုပ်လုပ်
သာမန်ဆိုတာ ကျဆုံးမှုလို့ပဲခံယူတယ်။
လောဘအစွန်းနဲ့ ဒေါသအစွန်းမရောက်ဖို့
ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့
“မဇ္ဈိမပဋိပဒါ” ကို
သာမန်ဘဝမှာပဲနေလို့ အဓိပ္ပာယ်ဖွင့်
မှားတတ်ကြတယ်။
ကွန်ဖြူးရှပ်ယဥ်ကျေးမှုနဲ့ကြီးလာတော့
အလုပ်ကို တန်ဖိုးထားရမယ်။
ပညာကို လေ့လာလိုက်စားရမယ်။
ကြီးသူကိုရိုသေရမယ်။
ကိုယ်အသက်ရှင်နေတဲ့အချိန်
ကိုယ့်ဘေးနားကလူတွေ
အကျိုးရှိရမယ်။
ကိုယ့်အမျိုးကိုချစ်ရမယ်။
ဒီ အဆုံးအမနဲ့ ကြီးလာတယ်။
လူတွေရဲ့ တန်ဖိုးထားမှုအရေးကြီးတယ်။
ဘိုးဘွားတွေကလဲ ဒီလိုပဲ
လက်ဆင့်ကမ်းဆုံးမလာကြတယ်။
Phyo Paing @ Derek