Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။

လူတွေရဲ့ အငုံစိတ်ထဲမှာ
တခြားသူတွေထက် သာတယ်ဆိုတဲ့
Superiority ဖြစ်ချင်တဲ့ စိတ်ရှိတတ်တယ်။
ဒါကိုတော့ စိတ်ပညာရှင်
Alfred Adler က ဆိုတယ်။

အဲ့လို သာတယ်ဆိုတဲ့ စိတ်ဖြစ်ဖို့
နည်းလမ်းနှစ်မျိုးရှိတယ်။
တစ်မျိုးက ကိုယ့်ရဲ့တိုက်ကို အမြင့်ဆုံးတည်ဆောက်တာ။
နောက်တစ်မျိုးက တခြားတိုက်တွေကိုဖြိုတာ။

လူတစ်မျိုးက ကိုယ်လိုချင်တဲ့
အိမ်မက်တွေ အကောင်အထည်ဖော်ဖို့လုပ်တယ်။
နောက်တစ်မျိုးက တခြားသူတွေရဲ့
ဆွတ်ခူးမှုကို ဘာမှမဟုတ်ပါဘူးကွာဖြစ်အောင်
ဟာသလုပ်တယ်။
တဖက်လူကို ပြောတာတစ်မျိုး
လုပ်တာတစ်မျိုး hypocrite ဖြစ်အောင်ပုံဖော်ဖို့
ကြိုးစားတတ်တယ်။

လူတွေရဲ့ Psycho နားမလည်ရင်
ကိုယ်ကြီးခံနေရမည့်ခေတ်မှာ
လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​