Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေရဲ့ intuition power ကို

လူတွေရဲ့ intuition ရဲ့ power ကို
လျော့မတွက်နဲ့။
တချို့တွေ ဦးနှောက်မကောင်းပဲ
ကြီးပွားနေတာ ဒီ power ရဲ့စွမ်းပကားကို
အသုံးချမိနေလို့ပဲ။

Intuition အလိုလိုသိစိတ်ရဲ့
အစွမ်းအသုံးချဖို့
၁။ ကိုယ်ကျင့်တရားကောင်းဖို့
၂။ သမာဓိရှိဖို့ လိုတယ်။

ဒီအချက်နှစ်ချက် မရှိရင်
inner voice ခေါင်းထဲမှာ
တချက်ချက် ကိုယ့်ကိုပေးတဲ့
intuition message အလိုလိုသိစိတ်
သတင်းအချက်အလက်က
ပေါက်ကွဲမှုအား ကြီးမားမှာ မဟုတ်ဘူး။

ကိုယ်ကျင့်တရားဆိုရင်
ကံကံ၏အကျိုးကို ယုံကြည်ပြီး
မကောင်းတာ မလုပ်တာ။
မကောင်းတာဆိုတာ မဖြစ်ဖို့
မခိုး၊ မလိမ်၊ မသတ်၊ မပြစ်မှား၊
မသောက်စားတာကို
တတ်နိုင်သမျှလုပ်ဖို့တဲ့။

သောက်တာကလဲ လူတွေရဲ့
intuition ကို တော်တော်လေးကျစေတယ်။
ပုံမှန် alcohol fast က
အနည်းဆုံး တစ်ပတ်လောက်ပြန်လုပ်မှ
intuition ကို ပြန်ကျင့်လို့ရတာ။

လူတိုင်းက မကောင်းတာလုပ်ဖူးကြတာပဲ။
ဒီလိုလုပ်မိတဲ့အခါ အဆိုးဆုံးက
guilt လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်။
ဒီစိတ်က ဘယ်လိုဖြစ်လာလဲဆိုရင်
ကိုယ့်ကိုကိုယ် လူကောင်းလို့ယူဆရာကဖြစ်လာတယ်။
ငါလူကောင်း ဒါကို မလုပ်သင့်ဘူး။
ငါလုပ်မိပြန်ပြီကွာ။​
ဒီအတွေးအခေါ်ဝင်ရင် intuition အလိုလိုသိိစိတ်ကို
အနှောက်အယှက် အကြီးအကျယ်ပေးတယ်။​

ဒါကိုဖျောက်ဖို့ အလွယ်ကူဆုံးက
ကိုယ့်ကိုကိုယ် ခွင့်လွတ်တာ။
တော်တော်ကြီးတဲ့ guilt
ကိုယ့်ကိုကိုယ် အပြစ်တင်တာကိုဖျောက်ဖို့
တရားထိုင်တာ။

လူတွေရဲ့ intuition ရဲ့ power ကို
လျော့မတွက်နဲ့။
တချို့တွေ ဦးနှောက်မကောင်းပဲ
ကြီးပွားနေတာ ဒီ power ရဲ့စွမ်းပကားကို
အသုံးချမိနေလို့ပဲ။

Phyo Paing @ Derek

Share Your Idea!​