အကျဥ်းတန်တဲ့ ပုံစံနဲ့ခွဲကြသလို
တချို့တွေက မေတ္တာနဲ့စပြီး
နားလည်မှုနဲ့ပဲ အဆုံးသတ်ကြတယ်။
မနေ့က Nas Daily ရဲ့ လမ်းခွဲတဲ့
video ကြည့်လိုက်ရင်
အချစ် relationship အပေါ်ထားတဲ့
အတွေးအခေါ်တွေ တော်တော်ကွာကြတာ
တွေ့ရလိမ့်မယ်။
အိမ်ထောင်ပြုတယ်ဆိုတာ
ဘယ်သူမှတော့ အပျော်ကြံပြီး
အိမ်ထောင်ပြုကြမှာတော့မဟုတ်ဘူး။
တစ်ဘဝလုံး အတူတူသွားကြမယ်ဆိုတဲ့
သံဓိ ဌာန်နဲ့ ဆုံးဖြတ်ချက်ချခဲ့ကြတာကြီးပဲ။
လူတွေက လုပ်နေတဲ့အလုပ်
ခေါင်းထဲထည့်တဲ့အတွေးအခေါ်
ပေါင်းတဲ့သူပေါ်မူတည်ပြီး
ကမ္ဘာကြီးကိုမြင်တဲ့အမြင်မတူကြဘူး။
world view တွေက မတူကြဘူး။
Relationship တစ်ခုမှာ လူတွေက
တန်ဖိုးထားမှု တူချင်မှတူမယ်။
အိမ်မက်တွေကလဲ တူချင်မှတူမယ်။
ဒါပေမယ့်ပေါင်းစပ်လို့ရနိုင်တယ်။
ဘယ်အချိန်တွေမှာ relationship တစ်ခု
တိုင်ပတ်တတ်ကြလဲဆို
တစ်ဖက်က တစ်ဖက်ပိတ် fixed mindset
တစ်ဖက်က တိုးတက်မှု growth mindset
ဖြစ်နေတဲ့အခါ မျိုးပေါ့။
တဖက်က တိုးတက်နေမှု၊ လေ့ကျင့်နေမှုကြောင့်
မတူညီတဲ့ version ဖြစ်သွားတယ်။
လောကအမြင် မတူတော့ဘူး။
တဖက်က တစ်ဖက်ပိတ် fixed mindset ဖြစ်တဲ့အခါ
သူ့ရဲ့လောကအမြင်က မပြောင်းလဲလာဘူး။
အဲ့ဒီအခါ စကားပြောရခက်လာတယ်။
ညိနှိုင်းရ ခက်လာတတ်တယ်။
Version နှစ်ခုက compatible မဖြစ်တော့ဘူး။
ဒါတွေကို တွဲခေါ်၊ ဆွဲခေါ်တဲ့အတွက်
အပြောင်းအလဲ ဖြစ်သွားတဲ့ သာဓကတွေလဲရှိတယ်။
တွဲခေါ်၊ ဆွဲခေါ်လို့
မပြောင်းတဲ့ သာဓကတွေလဲ အများကြီးပဲ။
ဗုဒ္ဓတောင် တစ်ဖက်က မကျွတ်ချင်ရင်
တရားမဟောတာကို ဖတ်ဖူးကြားဖူးလိမ့်မယ်။
နောက်တစ်ခုက နှစ်ဖက်စလုံးက
ကိုယ့်ကိုကိုယ်နားမလည်တာ
self-awareness နည်းတဲ့အခါလဲ
ဖြစ်ကြတယ်။
Fixed mindset ဖြစ်တာလဲ
တဖက်လူအပြစ်မဟုတ်ဘူး။
သူ့ဘဝဖြတ်သန်းမှု၊ ကြီးပြင်းမှု၊
သူ့ကိုယ်သူကာကွယ်မှု၊
ဒီအချက်တွေနဲ့ အများကြီးဆိုင်တယ်။
ဒါကြောင့် အရာရာကို အဖြေပေးတာ
မေတ္တာလို့ထင်တယ်။
မကျေနပ်စိတ်၊ ကလဲ့စားချေလိုစိတ်တွေနဲ့
အဆုံးသတ်ကြတာ
ခွင့်မလွတ်နိုင်ကြလို့။
Relationship ဆိုတာ
version တူမှ ပေါင်းစပ်လို့ရတာမျိုး။
Esther Perel ပြောသလိုပေါ့
သူ့ဘဝမှာ သုံးခါ divorce အိမ်ထောင်ကွဲဖူးတယ်။
ကံကောင်းတာက နှစ်သုံးဆယ်မှာ
ဒီလူတစ်ယောက်နဲ့ပဲတဲ့။
သူပြောချင်တာ ဒီလူပဲ
မတူညီတဲ့ version နဲ့ သုံးခါပေါင်းရတယ်တဲ့။
လူတိုင်းက divorce ဖြစ်ကြတယ်။
ဒါပေမယ့် တချို့တွေက
လူတစ်ယောက်တည်းနဲ့ပဲတဲ့။
Phyo Paing @ Derek