Every behavior has a positive intention.
ဒါကတော့ NLP ရဲ့ presupposition တစ်ခုပဲ။
ဒီအချက်က လူတွေအပေါ်
ခွင့်လွတ်နားလည် နိုင်စွမ်းကို
အားဖြည့်ပေးတဲ့အချက်တစ်ချက်ဖြစ်တယ်။
Oxygen ကိုစျေးကစားတဲ့သူတွေ၊
စျေးတက်လိုက်တဲ့ဆေးဆိုင်တွေ၊
တွေ့သမျှလူ blame သူတွေ၊
သူတို့ဟာ သူတို့မှာရှိတဲ့ အသိဥာဏ်နဲ့
အကောင်းဆုံးဆိုတာကို လုပ်ဆောင်နေတာပဲ။
ဗုဒ္ဓကတော့ ဘဝဆိုတာ ဒုက္ခလို့ဟောခဲ့တာပဲ။
သံသရာဝဠ်ဆင်းရဲလို့ ဟောခဲ့ပေမယ့်
ကျွန်တော်တို့လူသားတွေကဒါကို
ပျော်ပျော်ကြီးဖြတ်သန်းဖို့
နည်းလမ်းမျိုးစုံကြိုးစားကြတယ်။
ပုထုဇဉ်ဥာဏ်နဲ့ပေါ့။
ဒီ ဘဝမှာ Kleshas (ကိလေသာ) ၁၀ပါး
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ
ဝိစိကိစ်ဆာ၊ ထိနမိဒ်ဓ၊ ဥဒ်ဓစ်စ၊ အဟိရိက၊ အနောတ်တပ်ပ
အစရှိတာတွေဖုံးလွမ်းပြီး
အမှန်မမြင်တဲ့ကာလတွေလဲရှိခဲ့ကြမှာပဲ။
အနောက်တိုင်းမှာ Christian Values တွေရှိသလို၊
ဂျပန်မှာ Harmony, order, and self-development
ဆိုတဲ့ တန်ဖိုးထားမှု ဂျပန်လူ့အဖွဲ့အစည်းမှာရှိတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့
တန်ဖိုးထားမှုက ဘာများဖြစ်မလဲလို့
တခါတလေတွေးမိတယ်။
ဒီတန်ဖိုးထားမှုက ခေါင်းဆောင်မှု၊
လူအချင်းချင်း ဆက်ဆံမှု၊
နေ့စဉ်ဘဝ အယူအဆကိုလွမ်းမိုးထားတယ်။
Phyo Paing @ Derek