ဝင်ငွေရှိဖို့ အလုပ်လိုတယ်။
အလုပ်တွေရှိဖို့ လုပ်ငန်းတွေလည်ပတ်ဖို့လိုတယ်။
လုပ်ငန်းတွေရပ်တည်ဖို့
နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ဘေးအန္တရာယ်၊
ရောဂါဘယ အန္တရာယ်တွေကို
ကျော်လွှားနိုင်ဖို့လိုတယ်။
အလုပ်တွင်တဲ့ အလုပ်ခွင်ယဥ်ကျေးမှု
တည်ဆောက်ဖို့ဆိုတာ
အချိန်တော်တော်ပေးရတဲ့အလုပ်ပါ။
ကိုယ်မသိသေးတဲ့အမှားတွေကို
ပြင်ဆင်ရတာရယ်
ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ကိုက်တဲ့
လူတော်၊ လူကောင်းတွေ recruit
လုပ်နိုင်ဖို့ရယ်အတွက်
အချိန်တော်တော်ပေးရပါတယ်။
နောက်လုပ်ငန်းအရှိန်ရဖို့
ရှိထားတဲ့ momentum ကိုလျော့မသွားဖို့
အများကြီးစဉ်းစားရပြန်တယ်။
လုပ်ထားတဲ့ product/ service တွေထဲမှာ
တချို့တွေက 50% – 70% လောက်ထိ
ရပ်တန့်နေတယ်။
Project အသစ်တွေကတော့
grow ဖြစ်လာတဲ့အတွက်
တောင်ထိပ်ကို ဆက်ခရီးနှင်လို့ရတာဖြစ်တယ်။
အခုအချိန်မှာ
အလုပ်မဖြစ်တော့တဲ့ product/ service
တွေကို ဇွတ်အတင်း တွန်းတင်မည့်အစား
လုပ်ငန်းရှင်တွေအနေနဲ့ တခြားနည်းလမ်းကို
စဥ်းစားကြည့်တာ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။
လုပ်ငန်းဆိုတာ ဖောက်သည်တွေရဲ့
ပြဿနာတွေဖြေရှင်းပေးတာ
ဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့
ပြဿနာအသစ်တွေကို
ဆက်လက်ဖြေရှင်းနေဖို့ အရေးကြီးပါတယ်။
Phyo Paing @ Derek