Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေ တွယ်တာတဲ့ပုံစံသုံးမျိုးရှိတယ်။

တချို့က လုံခြုံမှုရချင်တဲ့
တွယ်တာမှုမျိုး။
တစ်ရက်ကို ဖုန်း ၁ နာရီလောက်ပြောလိုက်ရမှ။
နွေးထွေးမှု ဂရုစိုက်မှုကို လိုချင်တဲ့ပုံစံ။
ဒါကို Secure attachment style လို့ခေါ်တယ်။
သူ့ကိုဂရုစိုက်နေဖို့က ပိုအရေးကြီးတယ်။
တခြားအရာတွေကို မေ့ထားလို့ရတယ်။
ဒီလိုလူနဲ့တွေ့ရင်
ကိုယ်က တခြားကမ္ဘာကြီးထဲ
ရောက်နေသလိုမျိုးဖြစ်တတ်တယ်။

တချို့က စိုးရိမ်ပူပန်တဲ့
တွယ်တာမှုမျိုး။
သူ့ကိုမချစ်တော့မှာ စိုးရိမ်စိတ်နဲ့
နေတဲ့သူမျိုး။
သူ့အချိန်အများစုက ကိုယ်ချစ်တဲ့သူ
ဘာလုပ်နေလဲဆိုတာ ထောက်လှမ်းနေတတ်သူပေါ့။
ဒီလိုလူမျိုးနဲ့တွေ့ရင် လှုံခြုံမှုဆိုတာ
ခံစားရတတ်တယ်။
တပြိုင်တည်းမှာ ထိန်းချုပ်ခံရတယ်ဆိုတဲ့
ခံစားချက် ခံစားရတတ်တယ်။
ဒါကို Anxious Attachment Style လို့ခေါ်တယ်။

တချို့က ထိန်းချုပ်ခံရမှာ
လွတ်လပ်မှုဆုံးရှုံးမှာ ကြောက်တဲ့
တွယ်တာမှုမျိုး။
တစ်ယောက်တည်းကို commit လုပ်ရင်
ကိုယ့်ရဲ့လွတ်လပ်မှုပျောက်သွားမှာ
ကြောက်တတ်ကြတယ်။
ဒီတော့ အရမ်းရင်းနှီးမှု
Identity တွဲသွားမှာကို မလိုလားကြဘူး။
ရွေးချယ်စရာရှိနေဖို့ သူ့အတွက် အရေးကြီးတယ်။
ဒါကို Avoidant Attachment Style လို့ခေါ်တယ်။

ဒီ attachment တွယ်တာမှု ပုံစံသုံးမျိုးက
လူသားတွေ ရှင်သန်မှုဖြစ်စဥ်
Evolutionary ties ကဖြစ်ပေါ်လာတယ်။
Genes တွေထဲမှာ မြုပ်နှံထားတယ်။

ဒီအချက်တွေသိရင် ကိုယ်ဘယ်လိုလူ
ကိုယ့် partner ဘယ်လိုလူဆိုတာ
သိနိုင်ပြီး စီမံခန့်ခွဲမှုလုပ်နိုင်သွားမယ်လို့ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​