Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
ဗုဒ္ဓစကားနားထောင်ဖို့လိုတယ်။

ဘာအလုပ်ပဲ လုပ်လုပ်
လောကီ၊ လောကုတ္တရာ
တိုးတက်နေမှ လိုရာခရီးရောက်နိုင်မှာ။

ဒီလိုရာခရီးရောက်ဖို့
ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးကို ဟောကြားခဲ့တယ်။

ဒီနေ့ခေတ် စိတ်ပညာ သုတေသနလုပ်ထားတဲ့
သိပ္ပံတွေ့ရှိမှုတွေနဲ့လဲ ကွက်တိ
ကိုက်ညီမှုရှိတာကို တွေ့ရပါလိမ့်မယ်။

၁။ သမ္မာဒိဋ္ဌိ
မှန်သော အယူအမြင်
စတန်းဖို့ပရော်ဖက်ဆာ Stanford Professor
ကာရိုးဒရတ် Carol Dweck က
စိတ်နေသဘောထား အယူအမြင်သည်
အရေးကြီးတယ်။
တိုးတက်နိုင်တယ်လို့ ယုံကြည်တဲ့
Growth Mindset အယူအမြင်သည်
ဘဝတိုးတက်အောင်မြင်ရေးနဲ့
ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိခဲ့တယ်။

၂။ သမ္မာသင်္ကပ္ပ
မှန်သော အကြံ
ဘယ်အလုပ်ပဲ လုပ်လုပ်
ရည်ရွယ်ချက် why ရှိဖို့လိုတယ်။
ဒါက အဓိပ္ပာယ်တစ်ခုပေးတယ်။
နာဇီအကျဥ်းစခန်းကလွတ်မြောက်လာတဲ့
ကမ္ဘာကျော်စိတ်ပညာရှင်ဖြစ်တဲ့
logotherapy ကို တီထွင်ခဲ့တဲ့
Dr. Viktor Frankl ကလဲ
ဘဝအဓိပ္ပာယ်ရှာဖို့
သမ္မာသင်္ကပ္ပ အရေးကြီးတယ်လို့ဆိုတယ်။

၃။ သမ္မာဝါစာ
မှန်သော စကား
စကားနောက်တရားပါတယ်။
ဂါထာလို ကောင်းတဲ့အရာကို
ထပ်ခါထပ်ခါ ရွက်ဆိုမှု
affirmation လုပ်ခြင်းက
ကြံ့ကြံ့ခံစိတ်၊ စိတ်ဖိစီးမှုတွေကို
လျော့ချပေးနိုင်ကြောင်း
social psychologist
Claude Steele ကဆိုသလို၊
Incantation တို့
ကိုယ့်ရဲ့အိမ်မက်ကိုချရေးထားတဲ့
Vision statement တို့ကို
တိုးတက်ရေးအတွက်
လူတစ်ယောက်ချင်းသုံးသလို၊
ကုမ္ပဏီတွေကလဲသုံးကြတယ်။

၄။ သမ္မာကမ္မတ
မှန်သော အမှုအလုပ်။
ကိုယ့်ရဲ့ တန်ဖိုးထားမှုနဲ့
ethical conduct ကျင့်ဝတ်အတွက်
core values တန်ဖိုးထားမှုသည်
အရမ်းအရေးကြီးလို့
ယဥ်ကျေးမှုတစ်ခုကို ပုံဖော်ရင်
ဒါနဲ့စတင်ကြတယ်။
ဗုဒ္ဓဘာသာမှာဆို ငါးပါးသီလ
5 precepts ပေါ့။

၅။ သမ္မာအာဇီဝ
မှန်သော အသက်မွေးဝမ်းကျောင်းမှု
ဒီိနေ့ခေတ် ဂေဟနဲ့ ညီတဲ့အလုပ်
Ecological ဖြစ်ဖို့
တစ်ကမ္ဘာလုံးကြိုးစားလာကြပြီ။
ESG လို့ခေါ်တဲ့
Environmental သဘာဝပတ်ဝန်းကျင်
Social လူမှုနဲ့
Governmental အုပ်ချုပ်အစိုးရပိုင်းဆိုင်ရာက
အကုန်လုံးကို ဂေဟနဲ့ ကိုက်အောင်
တစ်ကမ္ဘာလုံးကြိုးစားလာကြပြီ။
မဟုတ်ရင် ကမ္ဘာကြီးပူနွေးလာမှု
ပိုပိုဆိုးလာမယ်။

၆။ သမ္မာဝါယာမ
မှန်သော အားထုတ်မှု
နဲ့ပတ်သက်လို့ Angela Duckworth က
grit ဒူပေဒါပေခံခြင်းသည်
တိုးတက်ခြင်းအတွက် အရေးကြီးတယ်ဆိုတဲ့
သုတေသနကိုလုပ်ခဲ့တယ်။

၇။ သမ္မာသတိ
မှန်သော အောက်မေ့ နှလုံးသွင်းမှု
ဒီနေ့ခေတ် အမူအကျင့်ပြောင်းဖို့
စိတ်ဓာတ်ကျမှုကိုကူညီပေးဖို့ ကုထုံး
Cognitive Behavior Therapy (CBT) သည်
ဒီနေ့ခေတ်မှာ သတိ mindfulness နဲ့ပေါင်းပြီး
Mindfulness-Based Stress Reduction (MBSR)
ကမ္ဘာကျော်ကုထုံးတစ်ခုဖြစ်နေပြီ။

၈။ သမ္မာသမာဓိ
မှန်သော တည်ကြည် စူးစိုက်မှု
အပေါ်ယံအလုပ်မဟုတ်ပဲ
ဒီနေ့ခေတ် နက်နဲတဲ့ deep work တွေလုပ်ဖို့
Psychology of Flow
ဖလိုးစိတ်ပညာကို ၁၉၇၀ မှာ
Mihaly Csikszentmihalyi က
သုတေသနလုပ်တွေ့ရှိခဲ့ပြီး
စွမ်းဆောင်ရည်မြင့်သူတွေ
နေ့စဥ်အမူအကျင့်ထဲထည့်
လုပ်ဆောင်နေတဲ့ အရာတစ်ခုဖြစ်လာတယ်။

Phyo Paing @ Derek

Share Your Idea!​