တချိန်ကျရင် အားလာဒင်မီးခွက်တော့ရပါရဲ့
လိုရာဆုတောင်းဆိုတော့
ဘီလူးကို သူနားလည်တဲ့စကားနဲ့
ဆုမတောင်းတတ်တော့ တိုင်ပတ်တဲ့နေအုံးမယ်။
AI ခေတ်မှာ essay ရေးတာ၊
ခိုင်းစေတာတွေကို သာမာန်လူတိုင်းလုပ်လာနိုင်တဲ့အခါ
ဘာသာစကား မတတ်တဲ့အတွက်ကြောင့်
အများကြီး ပြတ်ကျန်သွားနိုင်တယ်။
ကိုယ်တွေငယ်တုန်းက International School
မတက်လဲ ဘားမှမဖြစ်သလို
အကုန်လုံးက ရှင်မဟာရဋ္ဌသာရ
ရှင်မဟာသီလဝံသတို့ ကဗျာစပ်ပြီး
ခေတ်ပြိုင်တွေနဲ့ ရေသယ်ပြဇာတ်နဲ့
ကြီးလာကြတာကြီးပဲ။
ခွာခြားချက်က အရမ်းမများဘူး။
နောက်ပိုင်းကျရင် လူတွေမှာ
အလွှာစုံဖြစ်သွားနိုင်တယ်။
ဒါတောင် genetic editing တို့မှာ
ကျင့်ဝတ်အရ တားမြစ်ထားလို့။
မဟုတ်ရင် ချမ်းသာသူတွေမွေးတဲ့
ကလေးက HIV မကူးတတ်တာတို့၊
ပိုချော၊ ဥာဏ်ကောင်းတဲ့ကလေးမွေးတာတို့
Yuval Noah Harari ပြောသလို
လူတွေ Homo Sapien ကနေ
Homo Deus တွေဖြစ်လာနိုင်တယ်။
အခုက AI အဆင့်ပဲရှိသေးတယ်။
အနာဂတ်အတွက် “အ” သုံးလုံးကျေဖို့
အင်တာနက်၊ အင်္ဂလိပ်နဲ့ အားတီ သို့ အားမေတွေကို
သေချာလေ့လာထားဖို့လိုတယ်။ 😂
Phyo Paing @ Derek