နိဗ္ဗာန်ရောက်ဖို့ “ဥာဏ်”လိုတယ်။
စာမေးပွဲအောင်ဖို့လဲ “ဥာဏ်”လိုတယ်။
ဘဝပြဿနာအဖြေရှာဖို့လဲ “ဥာဏ်”လိုတယ်။
လူတိုင်းမှာ “ဥာဏ်”တော့ရှိပြီ
ဒီ “ဥာဏ်” ကောင်းဖို့ပွားဖို့လိုတယ်။
တရားမှာတော့ “ဘာဝနာ” ဆိုတာ
ပွားများတာ။
ဒီလို ပွားများနိုင်ဖို့ “ကမ္မဋ္ဌာန်း” လိုတယ်။
ကမ္မဋ္ဌာန်းဆိုတာ စိတ်အာရုံစူးစိုက်နိုင်တာ။
အာရုံစူးစိုက်နိုင်ဖို့ သမထ လို့ခေါ်တဲ့
ငြိမ်သက်ခြင်းလိုတယ်။
ဒါတွေရှိပြီး ဖြစ်ပျက်မှုသဘောတရားကို
ပညာမျက်စိနဲ့ အထူးသိမြင်တာကို
ဝိပဿနာ လို့ခေါ်တယ်။
ဘဝမှာ “ဥာဏ်” ကောင်းဖို့
တည်ငြိမ်ဖို့လိုတယ်။
စိတ်အာရုံစူးစိတ်နိုင်ဖို့လိုတယ်။
ဥာဏ်ပိုကောင်းအောင် နေ့စဥ်ပွားများဖို့လိုတယ်။
ကိုယ့်အထင်အမြင်နဲ့ဘဲမဟုတ်
ပညာမျက်စိနဲ့ သိမြင်နိုင်ဖို့လိုတယ်။
နေ့စဥ်ဘဝမှာလဲ ပညာမျက်စိနဲ့မသိတဲ့အခါ
“အတွေးအခေါ်တွေ ဘေးချော်တတ်တယ်။”
အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
ကျွန်တော်စဥ်းစားမိတဲ့
ဘဝနေထိုင်ရေး အတွေးအခေါ်တချို့ကတော့
၁။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။
၂။ အရေးမပါတာကို အရာမပေးနဲ့။
၃။ နေ့စဥ် တော်၊ ပျော်၊ ပွား၊ ပေးပါ။
၄။ မပြိုင်ဘဲနိုင်အောင်လုပ်ပါ။
၅။ မရှာဘဲ လာအောင်လုပ်ပါ။
Phyo Paing @ Derek