လူချင်းတူပေမယ့် လူတွေကို ကွဲပြားခြားနားစေတဲ့ “အ”သုံးလုံး
၁.အတွေး
လူတွေအားလုံး အစိုးရတဲ့တစ်ခုတည်းသောအရာ အတွေး။
ကိုယ် အာရုံစိုက် တွေးခေါ်စဥ်းစားချင်တာကို
လွတ်လပ်စွာ တွေးခေါ်နိုင်တယ်။
လူတွေကို ဘာတွေးရမယ်လို့
တိုက်ရိုက် ကန့်သတ်ထားလို့မရ။
လူတိုင်းလူတိုင်းဟာ
သူတွေးတဲ့အတွေးတွေရဲ့ ရလဒ်တွေဖြစ်တယ်။
၂.အဓိပ္ပာယ်
အတွေးချင်းတူပေမယ့် အဓိပ္ပာယ်ဖွင့်ဆိုတာ တူချင်မှတူလိမ့်မယ်။
အသက်ငယ်တာအတူတူ
ငါက အသက်ငယ်လို့ မအောင်မြင်နိုင်ဘူး။
အတွေ့အကြုံမရှိဘူးလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလို
အသက်ငယ်တော့ ခွန်အားပိုရှိတယ် ပိုလေ့လာနိုင်တယ်
ပိုကြိုးစားနိုင်တယ်၊ပိုတက်ကြွတယ်
အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူနိုင်ပါဘူး။
၃.အက်ရှင်(အကောင်အထည်ဖော်မှု)
လူတွေကို ကွဲပြားခြားနားစေတဲ့အရာက
အက်ရှင်လုပ်ရပ်ဖြစ်ပါတယ်။
သိပြီးအသုံးမချတာနဲ့
မသိတာနဲ့ အတူတူပါပဲ။
ဒါကြောင့် ဘဝမှာ အပြောင်းအလဲလုပ်ချင်ရင်
ပြင်းထန်တဲ့လှုပ်ရှားအားထုတ်မှုတွေလိုပါတယ်။
အသုံးလုံးဟာ တစ်ဆင့်ပြီးမှ တစ်ဆင့်လာပါတယ်။ အတွေး၊ အဓိပ္ပာယ် တွေရဲ့နောက်မှာ အက်ရှင်ဖြစ်လာတယ်။
ဥပမာ။
အတွေး- ငါစာဖတ်ရမယ်။
အဓိပ္ပာယ်- အောင်မြင်ချင်ရင်စာမဖတ်လို့မရဘူး။
အက်ရှင်- တကယ်စာဖတ်မယ်။
Phyo Paing @ Derek