လူတိုင်းက တစ်နေ့သေမှာပဲ။
သိပြီးသေမှာနဲ့၊
မသိဘဲသေသွားမှာပဲရှိတာ။
သေတဲ့အခါ
အသက် ၈၂ နှစ်လောက်များနေခဲ့ရမယ်ဆို
ရက်ပေါင်း ၃ သောင်းပတ်ခြာလည်
ဒီဘဝမှာ ငါလူဖြစ်ရကျိုးနပ်ခဲ့လား။
ဒီမေးခွန်းအတွက် အဖြေက
အရေးကြီးတယ်လို့ထင်တယ်။
ကိုယ်သွားချင်တဲ့ ကမ္ဘာ့ရဲ့နေရာတွေ
သွားကြည့်ခဲ့မယ်။
ကိုယ်သိချင်တဲ့အရာတွေကို
လေ့လာခဲ့မယ်။
ကိုယ်တွေ့ကြုံချင်တဲ့
အတွေ့အကြုံတွေကို ရယူခဲ့မယ်။
ကိုယ်မျှဝေချင်တဲ့အရာတွေကို
ပြန်လည်မျှဝေပေးခဲ့မယ်။
ဘဝကို လက်ဗလာနဲ့
အားလုံးနှုတ်ဆက်ကြတဲ့အခါ
လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။
Phyo Paing @ Derek