အရင်တုန်းက လူတိုင်းအပေါ်
ကိုယ်ချင်းစာတရားအပြည့်နဲ့
စေတနာထားတယ်။
ခဏခဏ အမြတ်ထုတ်ခံရတယ်။
အခု လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအပေါ်
စေတနာ မထားခင် တော်တော်သုံးသပ်တယ်။
ပြီးမှ စေတနာအပြည့်ထားတယ်။
အရင်က လူတိုင်းစေတနာနဲ့
ထိုက်တန်တယ်လို့ ယူဆတယ်။
လူတွေ အကြောင်းနောကျေလာတော့
လူရွေးပြီး စေတနာထားတာဖြစ်လာတယ်။
Phyo Paing @ Derek