ပညာရပ်တစ်ခုကို ကျွမ်းကျင်တဲ့သူကိုဆရာလို့ခေါ်တယ်။ ဥပမာ ဆေးကုတုန်းက ဆေးဆရာပေါ့။ Marketing အတန်းဖွင့်ပြန်တော့ မားကတ်တင်းဆရာ။ Train the Trainers ဖွင့်ပြန်တော့ ဆရာ့ဆရာတဲ့။ အိမ်မှာလည်း မီးလာပြင်တဲ့ကျွမ်းကျင်သူကို မီးဆရာ။ ဆိုက္ကားနင်းကျွမ်းကျင်တဲ့သူကို ဆိုက္ကားဆရာ။ ရေပိုက်ဆရာ။ ဆရာတွေပေါတဲ့ ခေတ်မှာ တစ်ခုခုမှာတော့ ဆရာကျမှ ရမယ်နော်။
ဒါနဲ့ပညာရပ်တစ်ခုမှာ ဆရာကျဖို့ Malcolm Gladwell ကအကြမ်းဖျင်းနာရီတစ်သောင်းလိုတယ်ပြောတယ်။ ဒါကို Anders Ericsson က Peak – the secret from new science of expertise မှာ Robert Pool နဲ့တွဲပြီး အထောက်အထားတွေနဲ့ Malcolm မှားကြောင်းပြပါတယ်။ နာရီတစ်သောင်းမကဘူးတဲ့။ :/
ဒါကတော့ field ပေါ်မှာမူတည်လိမ့်မယ်လို့ထင်တယ်။ တချို့အလုပ်တွေက မကြာခင် replace လုပ်ခံရတော့မယ်။ တချို့အလုပ်တွေက ကျန်နေမယ်။ နာရီတစ်သောင်းကတာမကတာထက် နာရီတစ်သောင်းဆိုရင်ကို တစ်ရက် သေသေချာချာလေ့ကျင့်ဖို့ (Deliberate Practice) လုပ်ဖို့ တစ်ရက် 5 နာရီကို ခြောက်နှစ်လိုပါမယ်။
ခုခေတ် လူလုပ်ရတာ specialized knowledge မရှိရင်မလွယ်ဘူး။
Phyo Paing @ Derek