ပထမတစ်မျိုးက
ငါကတော့ ကုမ္ပဏီမှာ
တစ်လ သိန်းငါးဆယ်ရနေပြီ။
တစ်လရောင်းအားဘယ်လောက်ရှိပြီး
ဘယ်လောက်မြတ်တယ်။
တစ်လဝင်ငွေဘယ်လောက်ရနေပြီ။
ဝင်ငွေကို အဓိကစဥ်းစားတာ။
ဒုတိယတစ်မျိုးက
ပိုင်ဆိုင်မှုကို စဥ်းစားတာ။
ငါဝယ်ထားတဲ့ မြေက အခုရောင်းရင်
ဘယ်လောက်ရပြီ။
ငါမြေ၊ အိမ်၊ ကား၊ ရွှေက
ဘယ်လောက်ရှိပြီ။
ပိုင်ဆိုင်မှုပေါ်မူတည်ပြီးစဥ်းစားတာ။
တတိယတစ်မျိုးက
တစ်လဝင်ငွေဘယ်လောက်ရှိပြီ၊
ဒီဝင်ငွေကို ဘယ်လိုပိုင်ဆိုင်မှုတွေမှာ
ရင်းနှီးမြုပ်နှံထားပြီး
ဒီပိုင်ဆိုင်မှုတွေကို
ထိန်းသိမ်းပြီး၊ တိုးပွားအောင်
ဘယ်လိုလုပ်မလဲ။
ဝင်ငွေအပေါ် အချိန်ပေးသလို၊
ပိုင်ဆိုင်မှုတွေတိုးပွားမှုအပေါ်လဲ
အချိန်ပေးတယ်။
ဘယ်တစ်မျိုးထဲပါပါ
ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်နေရမှာပဲ။
Phyo Paing @ Derek