1.What do I have?
အာဏာသိမ်းထားတဲ့နေရာမှာနေနေရတယ်။ ဘာလုပ်လုပ် မမျှတတဲ့ လူ့အဖွဲ့အစည်းမှာနေနေရတယ်။ မြန်မာပြည်မှာလူလာဖြစ်တာကိုက ကံဆိုးတာ။ ဘုန်းဘုန်းတွေဟောနေတဲ့ မြန်မာပြည်မှာ လူလာဖြစ်တာ ကံကောင်းတယ်ဆိုတာ ဂျင်း။ ဒေါ်မီမီအောင်သာ မြန်မာပြည်မှာပဲ နေခဲ့ရင် ဘားမှဖြစ်မှာ မဟုတ်ဘူး။ အစရှိတာတွေ ခဏခဏ ကြားလာရတာမှာ အောက်ဆုံး level ဖြစ်တဲ့ What do I have? ကိုပဲ စဥ်းစားနိုင်လို့ဖြစ်ပါတယ်။ ဒါကတော့ Robert Dilts ရဲ့ logical model ကို လူတိုင်းနားလည်တဲ့ format ပြောင်းထားတာဖြစ်ပါတယ်။ ဒီစဉ်းစားမှုဟာ အနိမ့်ဆုံး level စဉ်းစားမှုဖြစ်ပါတယ်။
2.What do I do?
ဘဝရဲ့ပေးထားချက်ပေါ်မူတည်ပြီး ဆက်လုပ်စရာရှိတာ လုပ်တာကတော့ What do I do? ပါ။ ဥပမာ နိုင်ငံခြားကို ကိုယ်က migrate လုပ်မလား။ အရေးတော်ပုံအတွက် ဆက်လက်တိုက်ပွဲဝင်မလား။ Covid-19, CDM စစ်ဘေး အစရှိတဲ့ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီမလား။ ဒါမှမဟုတ် ကိုယ့်ဝန်ထမ်းတွေ လစာပေးနိုင်ဖို့နဲ့ စီးပွားရေးရပ်တည်ဖို့ အဓိကထားလုပ်ဆောင်မလား။ ဒါမှမဟုတ် စိတ်ဓာတ်ကျပြီး ကိုယ့်စီးပွားရေးကို ရောင်းဖို့ကြိုးစားမလား။ ဒါမှမဟုတ် စျေးကွက်မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး အကျိုးစီးပွားရှာမလား။ ဒါမှဟုတ် ကိုယ့်မကျေနပ်ချက်တွေကို တခြားသူတွေကို မကောင်းပြော အပြစ်ရှာမလား။ ဒါမှမဟုတ် စိတ်ညစ်တာကို ရှောင်ရှားဖို့ ဟာသတွေပဲထိုင် share နေမလား။ ဒါမှမဟုတ် မအလကိုပဲ ထိုင်ဆဲနေမလား။ ဒါကတော့ What do we do? ဒုတိယအဆင့်ပါ။
3.How do we choose?
တတိယအဆင့်ကတော့ How do we choose? ပါ။ ငါတို့ ဘယ်လိုရွေးချယ်ကြသလဲ။ လူတိုင်းမှာ အရေးကြီးတဲ့အရာတွေ ရှိတယ်။ တချို့တွေက ရည်မှန်းချက်ကြောင့် ချစ်တဲ့သူတွေကို စွန့်လွတ်တယ်။ တချို့က ချစ်တဲ့သူတွေအတွက် ရည်မှန်းချက်ကိုစွန့်လွတ်တယ်။ တချို့က မြန်မာနိုင်ငံအတွက် ထောင်ထဲဝင်တယ်။ တချို့က ပိုက်ဆံနဲ့ သိက္ခာကိုလဲလှယ်တယ်။ တချို့က လျှာပေါ်မှာ မြက်ပေါက်ပါစေ သိက္ခာကို ပိုက်ဆံနဲ့ တန်ဖိုးအဖြတ်မခံဘူး။ ဒီရွေးချယ်မှုတွေကိုက ဦးစားပေးမှုတွေကဖြစ်လာတယ်။
4.What do I believe in?
စတုတ္ထအဆင့်ကတော့ ဦးစားပေးမှုတွေကိုလွမ်းမိုးနေတဲ့ ငါဘာကိုယုံကြည်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။ What do I believe in? Democracy and freedom ကိုယုံကြည်တာလား။ Free speech က အသက်လို့ယုံကြည်တာလား။ စာဝတ်နေရေးက ပိုအရေးကြီးတယ်လို့ ယုံကြည်တာလား။ ကြောင်ဖြူဖြူမဲမဲ ကြွက်ခုတ်ဖို့ ရလဒ်ကအရေးအကြီးဆုံးလို့ယုံကြည်တာလား။ အောင်နိုင်သူက သမိုင်းကိုရေးရမယ်လို့ ယုံကြည်တာလား။ ကံ ကံ၏အကျိုးကိုယုံကြည်တာလား။ ဗေဒင် ယတြာတွေကိုယုံကြည်တာလား။ ကံဆိုတာ အလုပ် မိမိကိုယ်သာကိုးကွယ်ရာလို့ယုံကြည်တာလား။ ဘယ်အစိုးရတတ်တတ် ကိုယ့်ကိုကိုယ်ရှာစားရမှာလို့ ယုံကြည်တာလား။ ဒီယုံကြည်မှုက ကျွန်တော်တို့ ရွေးချယ်မှုတွေကို လွမ်းမိုးထားတယ်။
5.Who am I?
ပဥ္စမအဆင့်က ငါဘယ်သူလဲပါ။ ငါက political activist လား၊ လူထုတွေခံစားရတာကို မခံစားနိုင်လို့ ပြည်သူဖက်ကလူလား။ သာပြောင်း နိုင်ငံရေးသမားလား။ စီးပွားရေးသမားလား။ ဘာလာလာ ဒေါင်းတဲ့ စီးပွားရေးသမားလား။ တန်ဖိုးထားမှုတွေရှိတဲ့ စီးပွားရေးသမားလား။ Who am I? ဆိုတဲ့ identity ပါ။
6.Why am I alive?
နောက်ဆုံးအချက်က ငါဘာ့ကြောင့်အသက်ရှင်နေသလဲ? Why am I alive? မြောက်ကိုးရီးယားမှာ ပြည်သူတွေကို ဒီမေးခွန်းမေးခွင့်မရအောင် အစားအသောက်တွေ ဒုက္ခရောက်အောင်၊ နေ့စဥ်ဘဝဖြတ်သန်းမှုတွေမှာ ဒုက္ခတွေရောက်အောင်လုပ်ထားတော့ လူတွေ ဒီမေးခွန်းကိုမေးခွင့်မရကြဘူး။ ကျွန်တော်တို့တွေလဲ cash ထုတ်ဖို့ ATM မှာတန်းစီကြ၊ ဟိုလူ့ blame ဒီလူ့ blame ကြ၊ ထောင်ကျရင် ဝမ်းနည်းကြ၊ ထွက်လာတော့လဲ blame ကြ၊ ဟိုနားဗုံးပေါက်သတင်းတက်၊ ဒီနားဗုံးပေါက်သတင်းတက်နဲ့ ကိုယ်ဘာကြောင့် အသက်ရှင်နေလဲ “Why” ကို မေးဖို့ အချိန်တွေမေ့နေနိုင်တယ်လို့ စဥ်းစားမိတယ်။
နံပတ်တစ်အဆင့်ဖြစ်တဲ့ ကိုယ့်ဆီမှာ ရှိထားတာတွေကိုပဲ စဥ်းစား စိတ်ဓာတ်ကျမနေပါနဲ့။ သင်မှာ သစ်ပင်မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲလို့ရပါတယ်။ စိတ်အရမ်းညစ်နေလို့ရှိရင် What do I have? ကိုပဲစဥ်းစားမိလို့ဖြစ်နိုင်ပါတယ်။ နောက်တစ်ဆင့်တက်ပြီး ကိုယ်လုပ်နိုင်တာတွေကို လုပ်ပါ။ ရွေးချယ်စရာပိုများလာပါလိမ့်မယ်။
Phyo Paing @ Derek