Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူအများစုမပျော်တာ
ရှုပ်နေလို့။

လူအများစုမပျော်တာ
ရှုပ်နေလို့။

ကိုယ်ဘာလိုချင်သလဲ
ရှင်းရှင်းလင်းလင်းမသိဘူး။
ကိုယ်ဘာလုပ်ချင်သလဲ
ရှင်းရှင်းလင်းလင်းမသီဘူး။
ကိုယ်ဘာလုပ်ရမလဲ
ရှင်းရှင်းလင်းလင်းမသိဘူး။
ဘာလုပ်ရင် ဘာရမလဲ
ရှင်းရှင်းလင်းလင်းမသိဘူး။

ကိုယ်ဘာမလိုချင်ဘူးလဲ
ရှင်းရှင်းလင်းလင်းမသိဘူး။
ကိုယ်ဘာမလုပ်ချင်ဘူးလဲ
ရှင်းရှင်းလင်းလင်းမသိဘူး။
ကိုယ်ဘာမလုပ်သင့်ဘူးလဲ
ရှင်းရှင်းလင်းလင်းမသိဘူး။

လူသားဖြစ်ခြင်းရဲ့
အဓိက အရေအသွေးတစ်ခုက
ကိုယ့်ကိုကိုယ်သိဖို့။
self-awareness ဖြစ်ဖို့။
ဒီထက် ထိုးထွင်းသိမြင်တာကို
Insight လို့ခေါ်တယ်။
ဒီလို ထိုးထွင်းသိမြင်ဖို့
တရားထိုင်တာကို
Insight Meditation
ဝိပဿနာလို့ခေါ်တယ်။

အဓိက စကားလုံးက
ရှင်းရှင်းလင်းလင်း။
တခါတလေ ရှင်းသလိုနဲ့ မရှင်းနေတတ်ဘူး။

ကိုယ့်ကိုကိုယ်ရှင်းရှင်းလင်းလင်းသိရင်
လောကီမှာ
ဘဝရဲ့ မလိုအပ်တဲ့စိတ်ဒုက္ခတွေက
လွတ်မြောက်မယ်။
သဘာဝတရားရဲ့ဖြစ်တည်မှုကို
ရှင်းရှင်းလင်းလင်းသိရင်
လောကုတ္တရာမှာ
သံသရာ ဝဋ်ဆင်းရဲက
လွတ်မြောက်မယ်။

လောကီရဲ့နိဗ္ဗာန်က
ငွေကြေးလွတ်မြောက်မှု 
Financial Freedom နဲ့စတယ်။
ငွေကြေးလွတ်မြောက်ရင်
ကိုယ်မလုပ်ချင်တာ လုပ်စရာမလိုတဲ့
Physical Freedom
ကာယလွတ်မြောက်မှုရမယ်။
စိတ်ထားတတ်ရင် ရှင်းလင်းရင်
Emotional Freedom
စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရမယ်။
လောကသဘာဝကို
သိရှိခံစားနားလည်လာရင်
Spiritual Freedom ရမယ်။

အရာရာက
Self-awareness ကိုယ့်ကိုကိုယ်သိဖို့က
စတင်တယ်။

Phyo Paing @ Derek

Share Your Idea!​