ဒါကြောင့် သာမာန်အများစုက
ဘယ်နေရာမှာ နေနေ မပျော်ကြဘူး။
သာမာန်လူအများစုရဲ့ ဘဝက
လတ်ဆတ်မှုမရှိကြဘူး။
သာမာန်လူအများစု
လူတွေကို ထိန်းချုပ်ချင်တဲ့သူတွေ
သတ်မှတ်ထားတဲ့ “ဘောင်” တွေအတွင်းက
အသက်ရှင်ကြတယ်။
“လူ့ဘောင်” ကြီး လည်ပတ်အောင်
“ဥပဒေသ” တွေနဲ့ “ဘောင်” ခတ်ထားတယ်။
တချို့ ဥပဒေသတွေက အလုပ်မဖြစ်တော့ဘူး။
တော်တော် ဒိတ်အောက်နေပြီ။
အရေးကြီးက ကိုယ်က အဲ့ဘောင်ထဲက
“အကျဥ်းသား” မဖြစ်ဖို့ပဲ။
Phyo Paing @ Derek