လူတွေခေါင်းထဲထည့်ထားတဲ့
အတွေးအခေါ်မတူရင်
လောကအမြင်မတူဘူး။
ဒီအတွေးအခေါ်တွေက
နှစ်ပေါင်းများစွာ အသွေးအသားထဲ
စီးဆင်းနေတဲ့ ဘိုးဘွားဘီဘင်တွေရဲ့
ဒီအန်အေကတွေ လာတာဖြစ်နိုင်တယ်။
ဒီအတွေးအခေါ်ယုံကြည်မှုဟာ
လူအမျိုးအလိုက်ကွာနိုင်တယ်။
နောက်နေထိုင်တဲ့နေရာတစ်ခုရဲ့
ယဥ်ကျေးမှုပေါ်မူတည်ပြီးလဲကွာနိုင်တယ်။
နောက်ကိုးကွယ်ယုံကြည်မှု
ဘာသာတရာကို “အဓိပ္ပာယ်”ဖွင့်ဆိုမှု
ပုံစံပေါ်မှာ မူတည်ပြီးလဲကွာနိုင်တယ်။
ပညာရေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။
အဓိကအသုံးပြု လေ့လာဖတ်ရှုတဲ့
ဘာသာစကားပေါ်မူတည်ပြီးလဲကွာနိုင်တယ်။
ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။
လူတွေကြားထဲ ရှင်သန်ဖို့ကြိုးစားတဲ့အခါ
နေရာတစ်ခုရဖို့ အသုံးပြုတဲ့ မဟာဗျူဟာ
coping mechanism ပေါ်မူတည်ပြီးလဲကွာနိုင်တယ်။
ဖတ်တဲ့စာ၊ လေးစားအားကျတဲ့သူတွေပေါ်
မူတည်ပြီးလဲကွာနိုင်တယ်။
အလုပ်အကိုင်ပေါ်မှာလဲ မူတည်တယ်။
ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်၊
ယုံကြည်မှုနဲ့ အတွေ့အကြုံပေါ်မူတည်ပြီး
လောကအမြင်တွေ မတူကြဘူး။
လောကကို အဓိပ္ပာယ်ဖွင့်ပုံတွေ မတူကြဘူး။
Phyo Paing @ Derek