ဘဝရဲ့အသက် ၃၀ လောက်ထိက
အကောင်းဆုံးသူ့အလိုလိုဖြစ်လာတာဆိုတာ
မရှိသလောက်ပဲ။
၃၀ နောက်ပိုင်းမှာ တစ်နှစ်တစ်ခါကို
surprise တိုက်တာမျိုးဖြစ်လာတယ်။
မထင်မှတ်ထားတဲ့ ကြိုတင်မစီမံထားတဲ့
လောကကြီးကပေးတဲ့လက်ဆောင်တွေ
တစ်ခုမဟုတ်တစ်ခု ရောက်လာတတ်တယ်။
ကိုယ်ဖက်က ယူဖို့ပဲမစဉ်းစားပဲ
ပြန်ပေးဖို့ကို အသားပေးလုပ်ဆောင်ကြည့်တဲ့အခါ
တော်တော်လေးအပြောင်းအလဲဖြစ်လာတယ်။
စိတ်ထားကောင်းကောင်းထား။
မှန်မှန်ထား။
လောကကြီးက ကိုယ်ယူတာထက်
ပိုပေး။
ကျေးဇူးတင်စိတ်နဲ့နေ။
ကိုယ့်ကိုလုပ်တာ မကြိုက်တာကို
တပါးသူကိုမလုပ်နဲ့။
ကိုယ့်မှာပိုနေပြီး မပန်းမကြီးတာတွေကို
လိုအပ်နေသူတွေကို မျှဝေပေး။
အတိုကောက်ကတော့ “ကယ”ပေါ့။
က – ကျေးဇူးတင်စိတ်နဲ့နေ
ယ – ယူတာထက်ပိုပေး။
ကိုယ့်ကိုမွေးဖွားခဲ့တဲ့မိဘ
ကိုယ်က ယူတာထက်ပိုပေး။
ကိုယ်မွေးဖွားခဲ့တဲ့နေရာအတွက်
ယူတာထက် ပိုပေး။
နေ့စဉ်နေထိုင်ရတာ
လိပ်ပြာလဲလုံတယ်။
Phyo Paing @ Derek