လောကကြီးက မတရားဘူး။
ကျင့်သားရအောင်လုပ်။
ဒါက ဘီဂိတ်တစ်ခါကပြောခဲ့တဲ့
နာမည်ကြီး စကားပဲ။
“Life is not fair, get used to it.”
စတိုးဝတ် အတွေးအခေါ်
Stoic Philosophy အရဆို
ဘဝကြီးကမတရားဘူး။
ငါထိန်းချုပ်လို့ရတာကိုပဲ
ငါအာရုံစိုက်မယ်။
ဒီလိုစဥ်းစားတယ်။
ဘဝမှာ ထိန်းချုပ်လို့
မရတာအများကြီးပဲ။
စတိုးဝတ် Stoics တွေ
တန်ဖိုးထားတာ လေးခုရှိတယ်။
၁။ မှန်ကန်တဲ့အမြင်
ဒါကို ဥာဏ်ပညာ (Wisdom) လို့ခေါ်တယ်။
ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိနဲ့
တူပေမယ့်
အဓိပ်ပာယျမတူဘူး။
ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိက ပညာ။
သစ္စာလေးပါးဖြစ်တဲ့
ဘဝဆိုတာ ဒုက်ခ။
ဒုက္ခဆိုတာ တပ်မက်မှုတွေကလာတယ်။
အဆုံးသတ်တဲ့နေရာရှိတယ်။
ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။
သူကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။
ကံ ကံ၏အကျိုးသိရမယ်။
စတိုးဝတ်အတွေးအခေါ်
Stoic Philosophy ရဲ့
မှန်ကန်တဲ့အမြင် (ပညာ)က
လောကမှာ ထိန်းချုပ်လို့ရတဲ့အရာရှိတယ်။
ထိန်းချုပ်လို့မရတဲ့အရာရှိတယ်။
ထိန်းချုပ်လို့ရတဲ့အရာကို
အဓိက အာရုံစိုက်။
ဥပမာ အတိတ်ကို သွားပြင်လို့မရဘူး။
အဓိပ္ပာယ်ဖွင့်တာကိုပဲပြောင်းလို့ရတယ်။
မနေ့ကကို သွားပြင်လို့မရဘူး။
ဒီနေ့ကိုပြင်လို့ရသေးတယ်။
၂။ သတ္တိ (အကြောက်တရားတွေကိုရင်ဆိုင်ပါ။)
Courage သတ်တိဆိုတာ
ကြောက်နေတာကို
ကြောက်ကြောက်နဲ့လုပ်ဆောင်ခြင်း။
ဒီမှာပြောတဲ့ သတ္တိဆိုတာ
အကြောက်တရားကင်းမဲ့တာကိုပြောတာမဟုတ်ပဲ
ဆင်ခြင်တုံးတရားရှိရှိ
ရှေ့ဆက်ခြင်းလို့အဓိပ္ပာယ်ရတယ်။
ဥပမာ စင်ပေါ်တက် စကားပြောရမှာ
ကြောက်ကြောက်နဲ့ လုပ်စရာရှိတာ
အကောင်းဆုံးသတ္တိရှိရှိလုပ်တာ။
၃။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှု (Temperament)
ဒေါသအစွန်း၊
လောဘအစွန်း၊
မောဟအစွန်းမသွားပဲ
ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တာ။
“အလယ်အလတ်လမ်းစဉ်” (မဇ္ဈိမပဋိပဒါ)နဲ့
ဆင်သလိုလိုရှိတယ်။
ဥပမာ အစားအသောက်ကို
အလွန်အကျွံစားသုံးတာ ရှောင်တာမျိုး။
၄။ တရားမျှတမှု (Justice)
ကိုယ့်ကိုလုပ်တာမကြိုက်တဲ့အလုပ်ကို
သူများကိုလဲမလုပ်နဲ့။
လူတွေကြည့်မနေရင်တောင်
မကောင်းမှုမလုပ်နဲ့။
သမာသမတ်ကျ။
တရားမျှတမှုရှိရှိ ပြုမူ။
ဥပမာ ကိုယ့်ဝန်ထမ်းက
ဆုံးရှုံးမှုများတဲ့ အမှားလုပ်လိုက်တယ်။
စိတ်လိုက်မာန်ပါ အလုပ်ထုတ်မလား။
ဘာကြောင့်ဒီလိုဖြစ်တယ်
ယုတ္တကျကျစဥ်းစားသုံးသပ်ပြီး
တရားမျှတမှုရှိရှိဆုံးဖြတ်မလား။
ဒုတိယတစ်ခုကို တရားမျှတမှုလို့ခေါ်တယ်။
တခြားသူတွေနဲ့ပတ်သက်လို့
သည်းခံပြီး
ကိုယ့်ကိုကိုယ် စည်းကမ်းကြီးဖို့လိုတယ်။
ဒါကတော့ စတိုးဝတ် stoic အတွေးအခေါ်က
ဘဝမှာ ကျင့်သုးဖြစ်တဲ့သင်ခန်းစာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်က
ဂရိရဲ့ အေသင်မြို့ကစတင်ခဲ့ပြီး
ဒီနေ့ခေတ်ထိ
စွမ်းဆောင်ရည်မြင့်လူသားတွေ
အသုံးပြုနေတဲ့ အတွေးအခေါ်
လည်ပတ်မှု စနစ် operating system ဖြစ်တယ်။
ကိုယ့်သားသမီးတွေကို
လောကီရေးရာဖြတ်သန်းဖို့အတွက်ဆိုရင်
စတိုးဝတ်အတွေးအခေါ် Stoicism ကို
သင်ပေးမယ်။
လောကုတ္တရာအတွက်ဆို
ကိုယ်လက်ခံထားတဲ့
ဗုဒ္ဓအဆုံးအမ Buddhism ကို
သင်ပေးမယ်။
စတိုးဝတ်အတွေးအခေါ်ကိုယူပြီး
ရေးထားတဲ့ ကမ္ဘာကျော်တက်ကျမ်းဆို
စွမ်းဆောင်ရည်မြင့်သူများရဲ့
အမူအကျင့် ၇ ချက်
The 7-habits of highly effective people ကို
တွေ့လိမ့်မယ်။
အဆုံးထိဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
Phyo Paing @ Derek