Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လောကမှာ ကိုယ်ထိန်းချုပ်လို့မရတဲ့
တွန်းအားတွေ၊ အဖြစ်အပျက်တွေရှိတတ်တယ်။

Covid-19, Coup အပြင်
ကိုယ် ထိန်းချုပ်မရတဲ့ အဖြစ်အပျက်တွေကြောင့်
ဖြစ်ပေါ်တဲ့ ဒုက္ခတွေရှိတယ်။

ဗုဒ္ဓဘာသာမှာတော့
ဒုက္ခ ဆိုတာ ဆင်းရဲခြင်းသဘော၊
ဝေဒနာ၊ ဝမ်းနည်းမှု၊
သောကဖြစ်စေသောအကြောင်းလို့ဆိုတယ်။

ဒုက္ခ(၈)ပါးရှိတယ်။

(၁)ဇာတိဒုက္ခ=ပဋိသန္ဓေနေရခြင်းဆင်းရဲ။
(၂)ဇရာဒုက္ခ=အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။
(၃)ဗျာဓိဒုက္ခ=နာမကျန်းဖြစ်ရခြင်းဆင်းရဲ။
(၄)မရဏဒုက္ခ=စုတေလွန်ရခြင်းဆင်းရဲ။
(၅)အပိယေဟိသမ္ပယောဂဒုက္ခ=မချစ်မနှစ်သက်သောသတ္တဝါနှင့်အတူကြုံရခြင်းဆင်းရဲ။
(၆)ပိယေဟိဝိပ္ပယောဂဒုက္ခ=ချစ်အပ်သူနှင့်ကွဲနေရခြင်းဆင်းရဲ။
(၇)ယံပိစ္ဆံနလဘတိဒုက္ခ=လိုသည့်အရာကိုမရသောဆင်းရဲ။
(၈)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ=ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲစသည်တို့ဖြစ်သည်။

ဒီဒုက္ခတွေကို ကျော်လွန်နိုင်ဖို့
စိတ်ထားတတ်ဖို့လိုတယ်။
နည်းစနစ်သေချာရှိဖို့လိုတယ်။

လောကဓံရှစ်ပါးကို ကြံ့ကြံံံ့ခံနိုင်ဖို့လိုတယ်။

လောကဓံရှစ်ပါးဆိုတာကတော့

(၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။
(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊
(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊
(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊
(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊
(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊
(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။

လူရယ်လို့ဖြစ်လာရင်
ဒုက္ခနဲ့ မကင်းကြဘူး။
စိတ်ထားတတ်ဖို့ကတော့
လောကဓံရှစ်ပါးကို မတုန်မလှုပ်ဖြတ်ကျော်ခြင်းပဲ။

ဒီလိုလုပ်နိုင်ဖို့ ကိုယ်ထိန်းချုပ်လို့ရတာနဲ့
မရတာကို သေချာခွဲသိ။
ထိန်းချုပ်လို့ရတာကိုပဲ ထိန်းချုပ်။

Phyo Paing @ Derek

Share Your Idea!​