ဒီနှစ်ပိုင်းမှာ ကံကောင်းတဲ့သူတွေကို
လေ့လာကြည့်တယ်။
ဘာကြောင့်လဲဆို
ကျွန်တော့်ဘဝမှာ
လိုချင်တာမှန်သမျှက
ကြံရဖန်ရ တော်တော်
လုပ်ယူရတယ်။
လိုချင်တာတော့ ဖြစ်လာပါရဲ့
တော်တော် ရုန်းကန်ရတယ်။
နောက်ရှာထားတာလဲ
ကိုယ့်အတွက် မဖြစ်တာများတယ်။
ဒီတော့ငါတစ်ခုခုတော့လွဲနေပြီ
စဥ်းစားမိတယ်။
ကံကောင်းတဲ့သူတချို့ကြည့်တဲ့အခါ
ကားလိုချင်လဲ ကား၊
အိမ်လိုချင်လဲ အိမ်၊
ငွေလိုချင်လဲ ငွေ။
ရုန်းကန်နေစရာမလိုဘူး။
ဥာဏ်ကောင်းလွန်းလို့လားဆိုလဲ
မဟုတ်ဘူး။
ဒီတော့ သူတို့ကို
အသေးစိတ်လေ့လာကြည့်တယ်။
အဲ့ဒီလူတွေမှာ အပူမများဘူး။
အပူဘာကြောင့်မများလဲ
လေ့လာကြည့်တော့
သူတပါးကို
အပြစ်တင်စိတ်နည်းတယ်။
ဘယ်လိုသိလဲဆို
သူတို့စကားပြောတဲ့
လေယူလေသိမ်း၊
အဖြစ်အပျက်တွေ
တုန့်ပြန်ပုံကနေသိတယ်။
ကိုယ်ကအမြဲအလိုမကျတတ်တဲ့သူဆိုတော့
အမြဲ အပြစ်တင်တတ်တယ်။
ကိုယ့်ဝန်ထမ်း၊ ကိုယ့်မိသားစု၊
ကိုယ့်ကိုကိုယ်။
ဒီတော့ ဘဝမှာ တော်တော်လေးကြီးတဲ့
အပြုအမူအပြောင်းအလဲတစ်ခု
စလုပ်ဖြစ်တယ်။
ဒါကတော့ အကုသိုလ်ကံဖြစ်တဲ့
အပြစ်တင်စိတ်ကိုဖျောက်တာပဲ။
အပြစ်တင်တယ်ဆိုတာ
အကုသိုလ်တစ်ခုပဲ။
အထူးသဖြင့် ကိုယ့်စိတ်ကို
ညစ်ညမ်းစေတယ်။
အကုသိုလ်ဆိုတာ
မောဟ၊ လောဘ၊ ဒေါသကလာတယ်။
မောဟဆိုတာ အမှန်ကိုမမြင်တာ။
အရာရာ “ငါ” ဆိုတဲ့အရာပေါ်
မူတည်ပြီးဖြစ်နေတာ။
ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ်စာ။
ငါ့ကိုထိတယ်။
ကိလေသာလိုတာထက်များတာ။
ကိုယ်နဲ့ထိုက်တန်တာထက်ပိုရချင်တာ
လောဘ။
ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါ
ထွက်တဲ့ ဒေါသ။
ဒါတွေက အကုသိုလ်တွေပဲ။
လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ
တော်တော်စိတ်ထားတတ်ဖို့
လုပ်ယူရတတ်ကြတယ်။
ဒါကြောင့် ကံကောင်းဖို့
အပြစ်တင်စိတ်ကို လျော့ဖို့
ကြိုးစားကြည့်တယ်။
သုံးလေးနှစ်အတွင်း
ဘဝကလဲ သိသိသာသာ
ကောင်းတဲ့ဖက်ကို
တိုးတက်လာတာ သတိပြုမိလာတယ်။
ပိုပြီးစိတ်အေးချမ်းလာတယ်။
စိတ်ထားတတ်လာတယ်။
ကံကောင်းချင်ရင်
အကုသိုလ်ကံလျော့ပါ။
အကုသိုလ်ကံလျော့ဖို့
အပြစ်တင်စိတ်ကိုလျော့ပါ။
Phyo Paing @ Derek