အမှန်တရားကို နတ်ကမစောင့်တာလား။
အမှန်တရားစောင့်နတ်မရှိတာလား။
နတ်ပဲ တကယ် မရှိတာလား။
ဒါမှမဟုတ် မှန်တယ်၊ မှားတယ်ဆိုတာ
ကြည့်သူအပေါ်ပဲ မူတည်တာလား။
အဲ့လိုတွေလျှောက်မေးရင်
ကျွန်တော့်လို ဆံပင်တွေဖြူနေလိမ့်မယ်။
တခါတလေ ကူမင်တန်တွေကို
ထိုင်ဝမ်ပို့ပြီး Republic of China (ROC) ကို
ခပ်တည်တည်နဲ့
People Republic of China (PROC)
လို့နာမည်ပြောင်း
လူ ၁.၄ ဘီလီယံကို အုပ်ချုပ်နေတဲ့
ကော်မီတွေပဲ မှန်နေသလားလို့
စဉ်းစားမိတယ်။
တန်အန်မိန်မှာ လူတွေသေကြေခဲ့တယ်။
တစ်နိုင်ငံလုံးက သပိတ်တွေ
ပေကျင်းမှာ လာစုတယ်။
အခုတော့ ဒါတွေ တရုတ်ပြည်သူတွေမေ့ပြီလေ။
ကော်မီတွေကြားထဲမှာကလဲ
တစ်ချက်မှားတာနဲ့ အသက်ပေးလိုက်ရမည့်
အဖြစ်တွေပဲ။
ဒါကြောင့်လဲ ရှီကျင်းဖျင်က
အသံလေးသိပ်နေပြီး စိတ်ရှည်ရှည်နဲ့
မဟာဗျူဟာကောင်းကောင်းနဲ့
ကွန်မြူနစ်ပါတီရဲ့ လှေကားထစ်တက်လာတာ။
သူ့ပြိုင်ဖက် ပေါ်ရှီလိုင်လင်မယားတောင်
သေဒဏ်ပေးခံထားရတယ်။
တစ်ခါတလေ နိုင်ငံရေးမှာ
ကိုယ်တကယ်ဖြစ်ချင်တာ
သူများကိုမပြောနဲ့တဲ့။
Conceal your intention တဲ့။
ခပ်ကုပ်ကုပ်နေတဲ့။
ဒါကတော့ 48 laws of power မှာ
ပါတဲ့ power law တစ်ခုပေါ့။
နောက်တစ်ခုက ဆရာ့ကို ဆရာသွားမလုပ်နဲ့။
Never outshine your master တဲ့။
Jack Ma က Xi ကိုဆရာသွားလုပ်တော့
ဘယ်သူဆရာလဲသိအောင်
ဂျက်မားကို ပါးစပ်ပိတ်လိုက်တယ်။
သူလဲပျောက်နေတာ ကြာပြီ။
အဲ့လိုပဲ
လောကမှာ စေတနာတစ်ခုတည်းနဲ့
အလုပ်မဖြစ်ဘူး။
စေတနာရှိပြီး အဆိပ်တိုက်မိသွားရင်လဲ
သေမှာပဲ။
ဒါကြောင့် တခါတလေ
နတ်ဆိုတာထက် ကိုယ့်အားကိုယ်ကိုးတာ
ပိုကောင်းတယ်လို့ စဉ်းစားတယ်။
ကိုယ့်အားကိုယ်ကိုးဖို့က
သိပ္ပံနည်းကျ သက်သေပြထားတဲ့
နည်းစနစ်တွေကို လိုက်နာ
ကျင့်သုံးဖို့လိုတယ်။
နတ်ကို မိုးခေါ်ခိုင်းတာထက်
မိုးမရွာတာကို မိုးရွာအောင်
လုပ်လို့ရတဲ့ နည်းပညာပိုင်ထားတာ
ကိုယ့်အတွက် ပိုကောင်းတယ်မဟုတ်ဘူး။
နည်းနည်းတော့ရှုပ်တယ်။
ရှုပ်တာလဲကောင်းတာပဲ။
နောက်ဆုံးထိဖတ်ပြီး
ဘာပြောတာလဲ မသိဘူး။
ဖတ်လို့တော့ကောင်းနေတယ်
အဲ့လိုလဲ စဉ်းစားရင်စဉ်းစားနေမှာ။
ဟုတ်တယ်မလား။
Phyo Paing @ Derek