Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လောကမှာ ဦးနှောက်ကို လွှာသုံးမှရနိုင်မယ်။

ငွေကြေးကြွယ်ဝဖို့
အမြန်ဆုံးလမ်းက ကိုယ်တိုင်အလုပ်လုပ်တာ။

လုပ်တဲ့သူတိုင်းက ချမ်းသာချင်မှချမ်းသာမယ်။
သေချာလုပ်တတ်ရင်တော့
လူနေမှုအဆင့်အတန်းတစ်ခုမှာတော့နေရမယ်။

ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အခါ
စျေးကွက်ပြဿနာကို သေချာသိဖို့လိုတယ်။
ဒီလိုသိပြီးဖြေရှင်းနိုင်ဖို့
ယဥ်ကျေးမှု၊ ဘာသာစကားနဲ့
အထာသိဖို့လိုနိုင်တယ်။

လုပ်ငန်းစဖို့နဲ့ အောင်မြင်နိုင်ခြေ
အများဆုံးကတော့
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊
ယဥ်ကျေးမှုသိ၊ ဘာသာစကားသိ၊
အထာသိပြီးတဲ့ စျေးကွက်ပေါ့။
လူဦးရေအရလဲ ကောင်းသလို၊
စျေးကွက်ကို တခြားနိုင်ငံကလာလုတဲ့နှုန်းလဲနည်းတယ်။
ပြဿနာကတော့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ
ပြဿနာတွေပေါ့။
ငွေကြေးဖောင်းပွမှု အပါအဝင်။

သေချာတာတစ်ခုက နှစ်ပေါင်းများစွာ
ကိုယ်တည်ဆောက်ထားတဲ့ စျေးကွက်ကို ဖယ်ပြီး
တခြားနေရာတစ်ခုကိုသွားတာထက်
နှစ်ခုစလုံးလုပ်လို့ရမည့်လမ်းကိုစဥ်းစားထားတာ
ပိုကောင်းနိုင်တယ်။

တကယ့် case study တွေကြည့်ရင်
အနောက်တိုင်းမှာ အပြီးအခြေချဖို့သွားပြီး
ပြန်လာတဲ့ အဆိုတော်၊ သရုပ်ဆောင်တွေရှိသလို
လုပ်ငန်းရှင်တွေထဲမှာ တခြားနေရာရောက်သွားတော့
ကိုယ်ကစားနေရတဲ့ ဂိမ်းက မတူတော့ဘူး။
ဥပဒေသတွေက မတူတော့ဘူး။
ဂိမ်းကို အစကနေ ပြန်လေ့လာရပြီ။

သေချာတာတစ်ခုက ကိုယ့်လုပ်ငန်းကို
နှစ်ပေါင်းများစွာ တည်ဆောက်ပြီးသားဆို
ဒါကြီးကို ပစ်ချခဲ့တာထက်
ဘယ်နေရာမှာမဆို သုံးလို့ရနိုင်တဲ့
၁။ Media Asset ကို သေချာတည်ဆောက်။

၂။ Remote Team တွေထား။

၃။ အဓိကစျေးကွက်ကို မပစ်လိုက်နဲ့။
တခြားစျေးကွက် New Market ကို ချဲ့။

၄။ စိတ်ရှည်ရှည်ထား။
စျေးကွက်သစ်တစ်ခုမှာ အခြေကျဖို့
ကိုယ်နိုင်ငံမှာလုပ်သလို ချက်ချင်းဆိုတဲ့
စိတ်ကို မေ့ထားပြီး စိတ်ရှည်ရှည်ထားရမယ်။
အနည်းဆုံးသုံးလေးငါးနှစ်တော့
သူ့ဂိမ်းရဲ့သဘောတရားနာလည်အောင်လုပ်ရမယ်။

၅။ အမြဲတမ်း ကျဆုံးသွားရင်ပြန်ထနိုင်တဲ့
အဆင့် ငါးဆင့်လောက် လုပ်ထားရမယ်။
တရုတ်မှာ ဘီလီယံတစ်ယောက်ရှိတယ်။
Yueting Jia ကျားယွဲ့ထင်တဲ့။
LeEco ရဲ့ အရင် CEO နဲ့ ပိုင်ရှင်။
ရှင်ရင်မင်းဖြစ် သေရင်ခွေးဖြစ်
Do or Die ဆိုပြီးချတယ်။
Faraday Future တို့လို EV ကားတွေကို
ကယ်လီဖိုးနီးယားမှာ ရုံးဖွင့်ပြီး
သူ့ LeECo ထုတ်ကုန်တွေနဲ့ပြိုင်တယ်။
ခွေးဖြစ်သွားတယ်။

ရေရှည်ကစားပွဲမှာနိုင်ဖို့
မော်တီဗေးရှင်းတစ်ခုနဲ့ မရဘူး။
လောကမှာ ဦးနှောက်ကို လွှာသုံးမှရနိုင်မယ်။

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​