လောကအမြင်မတူရင်
ဘဝရဲ့ အမြင့်မတူဘူး။
ငွေရေးကြေးရေးအပေါ်
ထားတဲ့အမြင်မတူရင်
ပိုင်ဆိုင်မှုအမြင့်မတူဘူး။
ပညာရေးပေါ်ထားတဲ့အမြင်မတူရင်
ပညာရေး အမြင့်မတူဘူး။
လူတွေရဲ့လောကအမြင်က
ကိုယ့်ပတ်ဝန်းကျင်ကလာတတ်တယ်။
ကိုယ့်မိဘ၊ ဆွေးမျိုး၊
ကျင်လည်ခဲ့တဲ့အသိုင်းအဝိုင်း။
ချမ်းသာတဲ့မိသားစုမှာမွေးပြီး
အမွေမရ၊ အထောက်အပံ့မရရင်တောင်
အကြီးဆုံးရနိုင်တဲ့အရာက
ငွေကြေးနဲ့ပတ်သက်တဲ့လောကအမြင်ပဲ။
ကျွန်တော့်ဘဝရဲ့ အကြီးဆုံး
အပြောင်းအလဲတစ်ခုက
၂၀၁၃ မှာ စတင်တယ်။
ချမ်းသာတဲ့သူတွေရဲ့စဥ်းစားပုံနဲ့
ကိုယ်ကျင်လည်နေတဲ့အသိုင်းအဝိုင်း
စဥ်းစားပုံကို တော်တော်လေးကွာတာ
သတိသွားပြုမိတယ်။
ကိုယ်ကျင်လည်နေတဲ့နေရာက
သူများအကြောင်း၊ ဘယ်သူဘာဖြစ်
အရေးမပါတာတွေနဲ့
ပြောဆို အချိန်ကုန်နေတာများတယ်။
သူ့နယ်ပယ်မှာ နေရာကြီးကြီးတစ်ခုမှာ
ရောက်နေတဲ့အသိုင်းအဝိုင်းမှာ
ဒါတွေ ပြောဆိုတာမတွေ့ရဘူး။
အများစုက ကိုယ့်လုပ်ငန်းအကြောင်း၊
အတုယူလို့ရတဲ့သူတွေအကြောင်း
ဒီအချက်ကိုတွေ့ရတယ်။
အဲ့နေ့ကစတင်ပြီး MYOB ဆိုတာကို
ကျင့်သုံးခဲ့တယ်။
Mind Your Own Business
ကိုယ့်အလုပ်ကိုယ်အာရုံစိုက်။
အဲ့နေ့ကစတင်ပြီး ဘဝမှာ
ငွေကြေးပိုင်းအရင်ကထက်
အများကြီး အဆင်ပြေလာတယ်။
အဲ့နှစ်မှာပဲ ကိုယ့်ငွေနဲ့ကိုယ်
ကားဝယ်တယ်။
နောက်တစ်နှစ်ကျတော့ဆိုင်ဖွင့်တယ်။
နောက်ထပ်တစ်နှစ်
June 2015 မှာ YEC ကို စတင်ခဲ့တယ်။
လူတွေဆီက အများကြီးလေ့လာလို့ရတယ်။
လူတိုင်းက ကိုယ့်ဆရာပဲ။
ရှောင်စရာနဲ့ အတုယူစရာ
သင်ပေးလိုက်တဲ့ ဆရာကြီးပဲ။
လောကအမြင်အရေးကြီးတယ်။
Phyo Paing @ Derek